
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁နာရီ ၃၅မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာန နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စဝန်ဒီ အာရှာမန်အား လက်ခံ တွေ့ဆုံသည်။
ထိုသို့လက်ခံ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် မြထွန်းဦးတို့ တက်ရောက် ကြပြီး အမေရိကန် ပြည်ထောင် စု နိုင်ငံခြားရေး
ဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ကောင်းမွန်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် တပ်မတော်က ပါဝင် နေမှု အခြေ အနေများ၊ နိုင်ငံတကာ ဒီမိုကရေစီ စနစ် ကျင့်သုံးနေမှု အခြေအနေများ၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု အောက်တွင် တပ်မတော်က နည်းလမ်း မှန်ကန်စွာဖြင့် ဆောင်ရွက်နေမှု အခြေအနေ များနှင့် လက်နက်ကိုင် ပဋိပက္ခများ ပပျောက် ရေးအတွက် ပြည်သူနှင့် တပ်မတော် ပူးပေါင်း ဆောင်ရွက်မှု အခြေ အနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စဝန်ဒီ အာရှာမန်အား အထိမ်းအမှတ် တံဆိပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Myawady News
No comments:
Post a Comment