Thursday, February 20, 2014

KIA နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖာက်မှုများရှိနေဟု ကင်တားနား ပြောကြား












ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသော မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့အဖြစ် ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ KIA နဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေတယ်ဆိုပြီး ထည့်သွင်း ပြောကြားသွားခဲ့တယ်လို့ သိရ ပါတယ်။

ကိုယ်တိုင်သတင်းယူခဲ့သော ရန်ကုန်မြို့ခံ သတင်းထောက်တစ်ဦးက

``မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက် ပြီး တော်တော်များများ ပြောသွားတာရှိတယ်။ သူအလေးအနက်ထားပြီးတော့ ပြောသွားခဲ့တဲ့ အထဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စပါတယ်။ နောက် ကချင်ပြည်နယ်ကိစ္စနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေလည်း အလေးအနက် ထားပြီး ပြောသွား တယ်´´ ဟု ပြောကြားသွားခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူသွားခဲ့တဲ့အခါ ဒုက္ခသည်တွေ ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု တွေဟာ KIA ကြောင့် ဖြစ်ရတယ်ဆိုပြီး ပြောကြားသွားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရးချိုးဖောက်မှု တွေ တော်တော်များများ ရှိနေတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နောက်တစ်ခုက အတင်းအဓမ္မ ဖမ်ဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု တွေကို KIA လို လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျူးလွန်နေတာ တွေ့ရတယ်ဆိုပြီး မစ္စတာ ကင်တားနားက ပြောကြားသွားခဲ့တယ်လို့ အလွတ်သတင်းထောက် တစ်ဦးက ဆိုပါတယ်။

KIO/KIA နဲ့ ပတ်သက်ပြီး လူ့အခွင့်အရးချိုးဖောက်မှုတွေ ရှိနေတာကြောင့် အဲဒီအဖွဲ့ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ တိုင်းရင်းသား တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့နဲ့ အဲဒီကိစ္စတွေ ပြေလည်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အောင်အောင်မြင်မြင်လုပ်ဖို့ လိုတယ်လို့ ထပ်မံပြောကြားသွားခဲ့ကြောင်း
လည်း သိရပါတယ်။

ကျော်နိုင်အောင်

Kachin Daily News

No comments:

Post a Comment