Tuesday, February 18, 2014

ခြေဥ ပြင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်လက်ခံရမည်ဆိုသည့်အချက်ပြင်ရန် ဆွေးနွေးမည်

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကို (၃၈)ရာခိုင်နှုန်း သို့ လျှော့ချပြင်ဆင်နိုင်ရေး ပါဝင်ဆွေးနွေးသွားမည်ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကို (၃၈)ရာခိုင်နှုန်း သို့ လျှော့ချပြင်ဆင်နိုင်ရေးအား ၄င်းအနေနင့် အဆိုတစ်ရပ်အနေနင့် လွတ်တော်၌ တင်သွင်းဆွေးနွေးသွားခြင်းမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ လွှတ်တော်သို့ တင်ပြလာသည့်အခါ ၀င်ရောက်ဆွေးနွေးသွားမည်သာ ဖြစ်သည်ဟု ဦးလှဆွေက ပြောသည်။

“ဆွေးနွေးတဲ့အခါကြရင် ထည့်ဆွေးနွေးသွားမယ်။အဲဒီကြရင် ဘယ်သူမဆို ဆွေးနွေးလို့ ရတယ်လေ”ဟု ၄င်းက ပြောသည်

(၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခန်း(၁၂) ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ(၄၃၆)(က)တွင် ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅)ရာခိုင်နုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွှန်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဌာန်းထားသည်။

from>>Popular Myanmar News Journal

No comments:

Post a Comment