Sunday, February 16, 2014

ကမာရွတ်မြို့နယ်တွင် မီးလောင်မှုဖြစ်


 
 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

၁၆.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်းလမ်းမ၊ အမှတ်(၇၆)၊ မြေညီးထပ်ခေါင်းရင်းခန်းရှိ
Magic Bubble Tea ဆိုင်တွင် မီးအားမြှင့်စက်ဖွင့်ထားရာမှ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိ ကော်ဖီမစ်ထုပ်များ၊ ပလပ်စတစ်ခွက်များအား

ကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များ
ရောက်ရှိငြိမ်းသတ်ခဲ့၍ ၀၇၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ယင်းသို့ လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည့်
အတွက် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းအား ကမာရွတ်မြို့မရဲစခန်း (ပ)၇၆/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment