Tuesday, February 18, 2014

တားမြစ်မိန့်ကြောင့် ထိုင်း၌သီတင်းသုံးနေရသော မိုင်းဖုန်းဆရာတော် ရန်ကုန်သို့ ကြွမည်

တားမြစ်မိန့်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ကြွရောက်သီတင်းသုံးနေသော မိုင်းဖုန်းဆရာတော်သည် ၄င်း၏ဇာတိ မိုင်းဖုန်းဒေသသို့ ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းက ကြွချီပြီးနောက် ယခုလ ၂၀ ရက်တွင် ရန်ကုန်၊ နေပြည် တော်နှင့် မန္တလေးမြို့များသို့ ကြွရောက်မည်ဟု တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ ကမိန့်သည်။

လွှတ်တော်၌ မိုင်းပြင်း၊မိုင်းဆတ်နှင့် မိုင်းတုံ လွှတ်တော် အမတ်တို့က ဆရာတော်အား ပြန်ပင့်လိုကြောင်း အဆိုတင်သွင်းခဲ့ရာ အောင်မြင်ခဲ့သည့်အတွက် ဆရာတော်မှာ ပြီးခဲ့သည့်

ဇန်န၀ါရီလပိုင်းက ၄င်း၏ မွေးနေ့ မင်္ဂလာကို ဇာတိမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆရာတော်ကြွချီမည့် ခရီးစဉ်ထုတ်ပြန်မှု၌ ယခုလ ၂၀ ရက်တွင် တာချီလိတ်မြို့မှ ရန်ကုန်သို့ လေယာဉ်ဖြင့် ကြွချီကာ ရွှေတိဂုံတွင် ရွှေသင်္ဃန်းသွားရောက် လှူဒါန်းခြင်းနှင့် ထောက်ကြန့် သာသနာ့ လင်္ကာရ မိုင်းဖုန်း ကျောင်းတွင် သီတင်းသုံးမည့် အပြင် ယခုလ၂၂ ရက်နေ့ နှင့် ၂၅ ရက်တို့တွင်လည်း နေပြည်တော်နှင့် မန္တလေးမြို့များသို့ ကြွချီမည်ဖြစ်သည်။


from>>Popular Myanmar News Journal

No comments:

Post a Comment