Saturday, February 15, 2014

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ

သဲကုန်းမြို့ရဲတပ်ဖွဲ့က သီတဂူ ဆရာတော်ကြီး၏ တားမြစ်ချက်အရဟု ဆိုကာ မြို့တော်ခန်းမအနီး ၄ ရက်ကြာ ဖွင့်ထားသည့် သပိတ်စခန်းကို  ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ဆန္ဒပြနေသည့် တောင်သူ (၃၀) ခန့်ကို ကားပေါ်တင်ပြီး နေရပ်ရင်း ပြန်ပို့လိုက်သည်။
သပိတ်စခန်းကို  စီးနင်းရာတွင်   အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။

“ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။
ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖယ်ရှားတာပါ။ ဒီရပ်ကွက်က လူတွေကလည်း သပိတ်စခန်းကလူတွေကို ရိုက်မယ်လုပ်နေလို့ ကျနော်တို့က လုံခြုံရေးအရ ကူညီပေးတာပါ”သီတဂူဆရာတော်ကြီး၏ သီတဂူရွှေဥရာစုသစ်စက္ကုဒါနဆေးရုံဖွှင့်ပွဲ အခန်းအနားသို့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း   လာရောက်ပြီး  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည့် အစီအစဉ် မတိုင်ခင် သပိတ်စခန်း ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ထူးခြားမှုမရှိတဲ့အတွက်    သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ  ဆန္ဒပြ တောင်းဆိုသွားမယ် ဟု သပိတ်စခန်းဖွင့်သူတို့က ပြောခဲ့သည်။

ကောင်းမြတ်မင်း
arrawady

No comments:

Post a Comment