
ကချင်ပြည်နယ်တွင် တိုက်ပွဲငယ် များ ဆက်လက်ဖြစ်ပွားနေသော်လည်း တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မူလအစီအစဉ်အတိုင်း ရန်ကုန် မြို့ရှိ ပြညောမေ ဏနခေန ဃနညအမန ၌ ဖေဖော်ဝါရီ ၂ဝ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြညောမေ ဏနခေန ဃနညအမန မှ အထူး အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။
''တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ဆွေးနွေးပွဲကိုလဲ မူလအစီအစဉ်အတိုင်း တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှာလုပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေပါတယ်''ဟု ဦးလှမောင်ရွှေက ပြောသည်။
ကချင်ဒေသတွင်ဖြစ်ပေါ်နေသော အခြေအနေများ နှင့်ပတ်သက်၍
ကချင်ဒေသအရေးဆောင်ရွက်သူ ဒေါက်တာ တူးဂျာက ''အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်။ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ကို လိုလားတယ်။ ဒုက္ခသည်တွေ ထပ်တိုးလာတာ မကောင်းဘူး။ မဖြစ်သင့်ဘူး။ တိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့အခြေခံကတော့ အပစ်အခတ်ရပ်ဆဲ ရေးသဘောတူညီမှုစာချုပ်မှာ လက်မှတ်မထိုးနိုင်သေးလို့ပဲ။ နှစ် ဖက်လိုက်နာကြမယ်ဆိုရင် တပ်စခန်းတွေ မရှိသင့်တဲ့နေရာမှာ မရှိတော့ဘူးပေါ့''ဟု ပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပထမအ ကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတစ်ခုဖြစ်သည့် လိုင်ဇာ ညီလာခံကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်တွင် ကျင်းခဲ့ ပြီး ကရင်ပြည်နယ်တွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်က ဒုတိယအကြိမ်ကျင်းပသော လော်ခီးလာညီလာခံတွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(ဃြဃွှ)က ရေးဆွဲ သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို သဘောတူလက် မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
from>>Yangon Media Group
No comments:
Post a Comment