အစိုးရသစ်လက်ထက် ၁၅ လကျော်ကာလအတွင်း ဖမ်းဆီးရမိသည့် ငွေကြေးခ၀ါချမှုပေါင်း
၇၀ ရှိခဲ့ပြီး မူး ယစ်ဆေးဝါးမှုနှင့် ဆက်စပ်လျက် ငွေကြေးခ၀ါချမှုမှာ
အများဆုံးဖြစ်သည်ဟု ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့မှ
ဒုတိယရဲမှူးမြင့်စိုးက မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ ဖမ်းဆီးရမိသည့် ငွေကြေး ခ၀ါချမှုပေါင်း ၇၀ မှ အမေရိကန်ဒေါ်လာ သန်းပေါင်း၂၀၀ (မြန်မာကျပ်ငွေ သန်းပေါင်း ၁၉၇,၁၄၁ ကျော်) ရရှိခဲ့သည်ဟု ဆိုသည်။
“တရားဥပဒေ အရောက်အပေါက်နည်းတဲ့ ဒေသတွေပေါ်မူတည်ပြီးတော့ မူးယစ်ဆေးဝါးမှုတို့ လူကုန်ကူး မှုတွေပေါ်မှာ ငွေကြေးခ၀ါချမှုတွေ အဖြစ်များတာတွေ့ရတယ်။ ငွေကြေးခ၀ါချမှုများရင် နိုင်ငံတကာက လည်း ငွေမဲရှိတယ်ရှိတယ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုမှာ ယုံကြည်မှုတွေ လျော့နည်းသွားနိုင်မယ်။ ဒါပေမဲ့ ငွေ ကြေးခ၀ါချမှုနဲ့ အကြမ်းဖက်မှုဥပဒေပြဋ္ဌာန်းပြီးရင်ေ တာ့ ငွေမည်းတည်ရှိမှုက လျော့နည်းသွားနိုင်မယ်လို့ ထင်တယ်”ဟု ဒုတိယရဲမှူးမြင့်စိုးက ပြောသည်။
နိုင်ငံတကာတွင်လည်း ငွေကြေးခ၀ါချသူတို့သည် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာကြခြင်း ကြောင့် ပိုမိုထိရောက်သော ဥပဒေများ ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာ လုပ်ဆောင်လာကြသည်ဟုလည်း ဗြိတိန်အခြေစိုက် ငွေကြေးခ၀ါချမှု စောင့်ကြည့်ရေးအဖွဲ့မှ Gert Demmink က မဇ္ဈိမကို ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး အန္တရာယ် အကဲဖြတ်မှုကော်မတီကို ဖွဲ့စည်းရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယရဲမှူး မြင့်စိုးက ပြောသည်။
အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၁၁ ရက်တွင် အတည်ပြုထားသည့် ငွေကြေးခ၀ါချမှု ဥပဒေကြမ်း တွင် ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုများ၊
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ အကြမ်းဖက်မှု
ဆိုင်ရာပြစ်မှုများ၊ နိုင်ငံတော် တည်ဆဲဥပဒေအရ အနည်းဆုံး
ထောင်ဒဏ်သုံးနှစ်နှင့်အထက် ပြစ်ဒဏ် ထိုက်ပြစ်မှုများကို ကျူးလွန်ရာမှ
ငွေကြေးနှင့် ပစ္စည်းတို့ကို ငွေကြေးခ၀ါချမှုပြုလုပ်ခြင်းတို့ ပါဝင်သည်။
Mizzima - News in Burmese
၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ ဖမ်းဆီးရမိသည့် ငွေကြေး ခ၀ါချမှုပေါင်း ၇၀ မှ အမေရိကန်ဒေါ်လာ သန်းပေါင်း၂၀၀ (မြန်မာကျပ်ငွေ သန်းပေါင်း ၁၉၇,၁၄၁ ကျော်) ရရှိခဲ့သည်ဟု ဆိုသည်။
“တရားဥပဒေ အရောက်အပေါက်နည်းတဲ့ ဒေသတွေပေါ်မူတည်ပြီးတော့ မူးယစ်ဆေးဝါးမှုတို့ လူကုန်ကူး မှုတွေပေါ်မှာ ငွေကြေးခ၀ါချမှုတွေ အဖြစ်များတာတွေ့ရတယ်။ ငွေကြေးခ၀ါချမှုများရင် နိုင်ငံတကာက လည်း ငွေမဲရှိတယ်ရှိတယ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုမှာ ယုံကြည်မှုတွေ လျော့နည်းသွားနိုင်မယ်။ ဒါပေမဲ့ ငွေ ကြေးခ၀ါချမှုနဲ့ အကြမ်းဖက်မှုဥပဒေပြဋ္ဌာန်းပြီးရင်ေ
နိုင်ငံတကာတွင်လည်း ငွေကြေးခ၀ါချသူတို့သည် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာကြခြင်း ကြောင့် ပိုမိုထိရောက်သော ဥပဒေများ ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာ လုပ်ဆောင်လာကြသည်ဟုလည်း ဗြိတိန်အခြေစိုက် ငွေကြေးခ၀ါချမှု စောင့်ကြည့်ရေးအဖွဲ့မှ Gert Demmink က မဇ္ဈိမကို ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး အန္တရာယ် အကဲဖြတ်မှုကော်မတီကို ဖွဲ့စည်းရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယရဲမှူး မြင့်စိုးက ပြောသည်။
အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၁၁ ရက်တွင် အတည်ပြုထားသည့် ငွေကြေးခ၀ါချမှု ဥပဒေကြမ်း တွင် ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုမျ
Mizzima - News in Burmese
No comments:
Post a Comment