Tuesday, February 18, 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ပြန်လည် ထွက်ခွာ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ ရောက်ရှိ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ပြန်လည် ထွက်ခွာ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ ရောက်ရှိ

Wednesday, February 19, 2014

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ လွန်ပရာဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ ထွက်ခွာရာ လေဆိပ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ လွန်ပရာဘန်ပြည်နယ် စစ်ဌာနချုပ်မှူး Brigadier General Bounchan Vilay CHITCH နှင့် တပ်မတော် အရာရှိကြီးများ၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး တင်ထွန်းအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Daokay Leatlivanh နှင့် ဇနီး၊ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် Gen.Dr.Moeldoko ၏ ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂ဝ တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Halin Perdana Kusama လေဆိပ်သို့ ရောက်ရှိကြရာ ရှေးဦးစွာ လေဆိပ် အဝင်တွင် အင်ဒိုနီးရှားတပ်မတော်မှ အမျိုးသမီးငယ်တစ်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဂျကာတာမြို့မှ သမီးငယ် နှစ်ဦးတို့က ပန်းစည်းဆက်၍ ကြိုဆိုကြသည်။ 

ယင်းနောက် အင်ဒိုနီးရှား သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ အင်ဒိုနီးရှား တပ်မတော် ထောက်လှမ်းရေးမှူးချုပ် Major General Tisma Komara W နှင့်ဇနီး၊ ဂျကာတာ စစ်တိုင်းဒေသမှူး Major General E.Hudawi Lubis၊ နိုင်ငံခြား ဆက်ဆံရေးဌာန အကြီးအကဲ Colonel Bambang နှင့် တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ကြည်မြင့်နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြကြောင်း သတင်း ရရှိသည်။

Myanmaalinn

from>>Myanmaalinn

No comments:

Post a Comment