Tuesday, February 18, 2014

ပညာရေးဝန်ကြီးသစ် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြု

Photo: ပညာရေးဝန်ကြီးသစ် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြု
Tuesday, February 18, 2014

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယမြောက် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန်
ကြီးဌာနအတွက် ခန့်အပ်ခဲ့သည့် ဒေါက်တာခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာ ပြုခဲ့သည်။

ပညာရေးဝန်ကြီး ဖြစ်လာသည့် ဒေါက်တာခင်စန်းရီသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်ပြီးနောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ဖြစ်လာသူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်း အမျိုးသမီးဝန်ကြီးအဖြစ်အစိုးရအဖွဲ့တွင် တာဝန်ပေးခံရ ခြင်း ဖြစ်သည်။ ဒေါက်တာ ဒေါ်ခင်စန်းရီသည် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် အသက် ၅၈ နှစ်ရှိအိမ်ထောင်မရှိသူ ဖြစ်ပြီး ရှမ်း-ဗမာကပြားဖြစ်ကာ B.Com(A.A), M.Com, D.A.C, Ph.D(Germany) ဘွဲ့များရရှိထားသည်။

၁၉၇၈ မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် ဒေသကောလိပ် (၂)၊ စီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ခံ ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ကိုယ်ရေးရာဇဝင်တွင် ဖော်ပြထားသည်။

Mizzima - News in Burmese 

Photo Caption>>> ပညာရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်သည့် ဒေါက်တာ ဒေါ်ခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုနေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ) 
 သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယမြောက် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန်
ကြီးဌာနအတွက် ခန့်အပ်ခဲ့သည့် ဒေါက်တာခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာ ပြုခဲ့သည်။

ပညာရေးဝန်ကြီး ဖြစ်လာသည့် ဒေါက်တာခင်စန်းရီသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်ပြီးနောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ဖြစ်လာသူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်း အမျိုးသမီးဝန်ကြီးအဖြစ်အစိုးရအဖွဲ့တွင်

တာဝန်ပေးခံရ ခြင်း ဖြစ်သည်။ ဒေါက်တာ ဒေါ်ခင်စန်းရီသည် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် အသက် ၅၈ နှစ်ရှိအိမ်ထောင်မရှိသူ ဖြစ်ပြီး ရှမ်း-ဗမာကပြားဖြစ်ကာ B.Com(A.A), M.Com, D.A.C, Ph.D(Germany) ဘွဲ့များရရှိထားသည်။

၁၉၇၈ မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် ဒေသကောလိပ် (၂)၊ စီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ခံ ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ကိုယ်ရေးရာဇဝင်တွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment