Saturday, February 15, 2014

အိန္ဒိယဆိုင်ကယ်များ မုံရွာတွင် အရစ်ကျဝယ်ယူနိုင်တော့မည်

PhotoPhoto
အိန္ဒိယနိုင်ငွှံဠှ ကုမ္ပဏီ ထုတ် ဆိုင်ကယ်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း မုံရွာမြို့ ချမ်း မြသာစည်ရပ် ကျောက္ကာလမ်းမကြီး ဘေးတွင် ဖွင့်လှစ်ထားသော စူပါ တီဗွီအက်စ် အိန္ဒိယဆိုင်ကယ်များ အရောင်းစင်တာပြခန်းနှင့် ဆားဗစ် စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''မုံရွာက တရုတ်နိုင်ငံထုတ်ဆိုင် ကယ်တွေပဲများတဲ့မြို့ပါ။

အခု အိန္ဒိယ နိုင်ငံထုတ်ဆိုင်ကယ်တွေလဲ ဒီမှာ ကြိုက်ကြပြီး ဈေးကွက်ရှိလို့ စင်တာ လာဖွင့်တာ။ စစ်ကိုင်းတိုင်းအတွင်း တော့ မုံရွာမှာဖွင့်တာ ပထမဆုံးပါ ပဲ။ အခုအရောင်းစင်တာမှာတော့ ဆိုင်ကယ်အမျိုးအစား ငါးမျိုးတင် ပြီး ပြသရောင်းချထားတယ်။ နောက် ပိုင်းမုံရွာကဘဏ်တစ်ခုခုနဲ့ ချိတ် ဆက်ပြီး အရစ်ကျနဲ့ဝယ်နိုင်အောင် စီစဉ်နေပါတယ်။ အရင်ကတော့ အိန္ဒိယဆိုင်ကယ်တွေကို မုံရွာမြို့ခံ တွေက ကြိုက်ကြပေမယ့် လိုင်စင် ပါတဲ့ ဆိုင်ကယ်ကနည်းတယ်။ အခွှုဠှ ကရောင်းချပေးမယ့် ဆိုင်ကယ် တွေက ကုမ္ပဏီအမည်ပေါက်နဲ့ နှစ် နှစ် လိုင်စင်သက်တမ်း ပါပါတယ်။ ဆိုင်ကယ်အင်ဂျင်ကိုလဲ နှစ်နှစ်အာ မခံပေးထားတယ်။ ဆိုင်ကယ်တွေ က ရှစ်သိန်းကျော်ကနေ ၁၄ သိန်း ကျော်အထိတန်ဖိုးရှိတဲ့ ဆိုင်ကယ် တွေကို ရောင်းပေးသွားမှာပါ'' ဟု ¤င်းအရောင်းပြခန်းမှ တာဝန်ရှိသူ ကပြောသည်။
from>>Thitsar Oo

No comments:

Post a Comment