Tuesday, February 18, 2014

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဆောင်ရွက်ရန် ကမ္ဘာ့ ကုမ္ပဏီကြီး ငါးခု အနက် သုံးခု တင်ဒါ ဝင်ပြိုင်

Photo: မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဆောင်ရွက်ရန် ကမ္ဘာ့ ကုမ္ပဏီကြီး ငါးခု အနက် သုံးခု တင်ဒါ ဝင်ပြိုင်

မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း Myanmar Oil and Gas Services Society (MOGSS) မှ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသင်းသည် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ကြွယ်ဝမှု ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုဖြင့် မြှင့်တင်ရန် ရည်ရွယ်ချက် ခုနစ်ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အခမ်းအနားတွင် အသင်း၏ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးအောင်ရဲစိုး တို့က အသင်း၏ ရည်ရွယ် ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကုန်းပေါ်၌ ကုမ္ပဏီ ၁၂ခုမှ လုပ်ကွက် ၁၆ ကွက်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီများအနက် ခြောက်ခုသည် ၂ဝ၁၂ ခုနှစ်တွင် တင်ဒါအောင် မြင်ခဲ့ခြင်းဖြစ်သည်။ 

ကုန်းတွင်းလုပ်ငန်း ဆောင်ရွက်ရန် ဒုတိယအကြိမ် တင်ဒါခေါ်ခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁ဝ ခုရှိပြီး ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်ကို တင်ဒါအောင် ထားသည်။ ပထမဆုံးအကြိမ် ကမ်းလွန်အတွက် တင်ဒါခေါ်ခဲ့ရာ ကုမ္ပဏီပေါင်း ၃ဝ မှ ၂၉ ကွက်ကို အဆိုပြုလွှာ ၆၁ခု တင်ထားသည်။ ကမ္ဘာပေါ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ နှင့် ပတ်သက်လျှင် စူပါမေဂျာခေါ်သည့် ကုမ္ပဏီကြီးငါးခုရှိပြီး သုံးခုမှ တင်ဒါဝင်ပြိုင် ထားကြောင်းသိရသည်။

တင်ဒါအောင်နိုင်ရေး ကုမ္ပဏီများ အနေဖြင့် သုံးနှစ်အတွင်း ရေနံရှာဖွေကြမည်ဖြစ်ရာ အစိုးရအနေဖြင့်သော် လည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း အနေဖြင့် လည်းကောင်း ငွေကြေးထည့်ဝင်ရခြင်းမျိုး မရှိဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့လာသည့်အချိန်တွင် အစိုးရနှင့် ရှာဖွေသည့် ကုမ္ပဏီတို့ မျှဝေခံစားကြရ မည် ဖြစ်သည်။

ရေနံတွင်းတစ်တွင်း တူးပါက ပျမ်းမျှသန်း ၂ဝ နှင့် ၃ဝ ကြားကုန်ကျကာ ရှာဖွေရေး တွင်းတစ်တွင်းသည် ရက် ၃ဝ နှင့် ၄၅ ရက်ခန့် ကြာကြောင်း၊ ၎င်းရက်များအတွင်း ရှာဖွေ မတွေ့ပါ က ရင်းနှီးမှု များဆုံးရှုံးကာ သုံးနှစ်အတွင်း ရှာဖွေမတွေ့ပါက ယင်းအကွက်ကို အစိုးရအား ပြန်လည် အပ်နှံကာ ပြန်ကြရမည်ဖြစ်ကြောင်း သိရသည်။ 
 မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း Myanmar Oil and Gas Services Society (MOGSS) မှ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသင်းသည် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ကြွယ်ဝမှု ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုဖြင့် မြှင့်တင်ရန် ရည်ရွယ်ချက် ခုနစ်ရပ်ဖြင့် အကောင်

အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အခမ်းအနားတွင် အသင်း၏ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးအောင်ရဲစိုး တို့က အသင်း၏ ရည်ရွယ် ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကုန်းပေါ်၌ ကုမ္ပဏီ ၁၂ခုမှ လုပ်ကွက် ၁၆ ကွက်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီများအနက် ခြောက်ခုသည် ၂ဝ၁၂ ခုနှစ်တွင် တင်ဒါအောင် မြင်ခဲ့ခြင်းဖြစ်သည်။

ကုန်းတွင်းလုပ်ငန်း ဆောင်ရွက်ရန် ဒုတိယအကြိမ် တင်ဒါခေါ်ခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁ဝ ခုရှိပြီး ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်ကို တင်ဒါအောင် ထားသည်။ ပထမဆုံးအကြိမ် ကမ်းလွန်အတွက် တင်ဒါခေါ်ခဲ့ရာ ကုမ္ပဏီပေါင်း ၃ဝ မှ ၂၉ ကွက်ကို အဆိုပြုလွှာ ၆၁ခု တင်ထားသည်။ ကမ္ဘာပေါ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ နှင့် ပတ်သက်လျှင် စူပါမေဂျာခေါ်သည့် ကုမ္ပဏီကြီးငါးခုရှိပြီး သုံးခုမှ တင်ဒါဝင်ပြိုင် ထားကြောင်းသိရသည်။

တင်ဒါအောင်နိုင်ရေး ကုမ္ပဏီများ အနေဖြင့် သုံးနှစ်အတွင်း ရေနံရှာဖွေကြမည်ဖြစ်ရာ အစိုးရအနေဖြင့်သော် လည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း အနေဖြင့် လည်းကောင်း ငွေကြေးထည့်ဝင်ရခြင်းမျိုး မရှိဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့လာသည့်အချိန်တွင် အစိုးရနှင့် ရှာဖွေသည့် ကုမ္ပဏီတို့ မျှဝေခံစားကြရ မည် ဖြစ်သည်။

ရေနံတွင်းတစ်တွင်း တူးပါက ပျမ်းမျှသန်း ၂ဝ နှင့် ၃ဝ ကြားကုန်ကျကာ ရှာဖွေရေး တွင်းတစ်တွင်းသည် ရက် ၃ဝ နှင့် ၄၅ ရက်ခန့် ကြာကြောင်း၊ ၎င်းရက်များအတွင်း ရှာဖွေ မတွေ့ပါ က ရင်းနှီးမှု များဆုံးရှုံးကာ သုံးနှစ်အတွင်း ရှာဖွေမတွေ့ပါက ယင်းအကွက်ကို အစိုးရအား ပြန်လည် အပ်နှံကာ ပြန်ကြရမည်ဖြစ်ကြောင်း သိရသည်။

from>>Myawady News

No comments:

Post a Comment