မြောက်ကိုရီးယားမှ ကန့်ကွက်မှု များရှိနေသော်လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းတို့ နှစ်စဉ်ပြုလုပ်သည့် အမေရိကန်နှင့် ပူး ပေါင်းစစ်ရေး လေ့ကျင့်မှု အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ မှဧပြီ ၁၈ ရက်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္လာ နေ့က ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင်ကာကွယ်ရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ကင်မ်မင်ဆုတ်က ပြောသည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ် နိုင်ငံကာကွယ်ရေးစွမ်းဆောင်မှုကို တိုး မြင့်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ယခု နှစ်တွင် အမေရိကန်မှတပ်ဖွဲ့ဝင် ၅၂ဝဝ ခန့်ပါဝင်မည်ဖြစ်ပြီး ယမန်နှစ်ကထက် ၁၇ဝဝ ခန့်ပိုများမည်ဖြစ်ကြောင်း၊ ဝေဟင်၊ မြေပြင်၊ ရေပြင်စစ်ရေးလေ့ကျင့်မှုပြုလုပ် မည့်အစီအစဉ်ကို အိမ်နီးချင်းနိုင်ငံများ အား အသိပေးကြေညာ မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မ်မင်ဆုတ်က ပြောသည်။
ပူးတွဲလေ့ကျင့်မည့် စစ်ရေးအစီအစဉ်နှစ်ခုတွင် အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၇ဝဝ ၊ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၂ဝဝဝဝခန့် ပါဝင်မည်ဖြစ်ပြီး မြောက်ကိုရီးယားက ဆိုးလ်နှင့်ဝါရှင်တန် တို့အား စစ်ရေးလေ့ကျင့်မှု မလုပ်ရန် ပြောကြားထားခဲ့သလိုပြုလုပ်ပါက မျှော် မှန်းမထားနိုင်သည့် ဆိုးရွားမှုများနှင့်ကြုံ တွေ့ရနိုင်သည်ဟု
သတိပေးထားသည်။ ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ၁၉၅ဝ-၅၃ ကိုရီးယားစစ် ပွဲကြောင့် ကွဲကွာနေခဲ့ရသည့် တောင်-မြောက်ကိုရီးယား မိသားစုဝင်များ ပြန်လည်ဆုံစည်းခွင့်ပေးမည့် ဖေဖော်ဝါရီ ၂ဝ-၂၅ ရက်မပြီးခင် တစ်ရက်အလိုတွင် စတင်မည်ဖြစ်သည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တောင်-မြောက် ပြန်လည်ဆုံစည်းရေးနေ့ အ တွက် သဘောတူညီမှု ရရှိခဲ့ကြသော် လည်း နောက်တစ်ရက်တွင် အမေရိကန်
ဗုံးကြဲလေယာဉ်များအကြောင်း၊ မြောက် ကိုရီးယားအား အသရေဖျက်ပြီး တင်ပြထားသည့် သတင်းများကို တောင်ကို ရီးယား မီဒီယာများတွင် ဖော်ပြထားမှု ကြောင့် အစီအစဉ်ကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယားတို့က ခြိမ်းခြောက်ခဲ့သည်။
Ref : Xinhua
from>>Popular Myanmar News Journal
No comments:
Post a Comment