Tuesday, February 18, 2014

မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Photo: မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆယ်ဘီး တပ်ကုန်တင်ယာဉ်၏အရှေ့ပိုင်း ကားအ လေးကိုပြန်တင်စဉ် ခုထားသည့်တုံးပြုတ် ထွက်၍ ကားပိမိကာ တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းတာ ဝန်မှူး ဒုရဲအုပ် အောင်မျိုးဝင်းထံမှ သိရ သည်။

ကလွင်ကျေးရွာအုပ်စု၊ ယာယီ အဝေးပြေးကားဝင်းအနောက် မြိတ်လေ တပ်စခန်းဌာနချုပ်အနီး မြို့ပတ်(၂)လမ်း ရှိ သန့်ဇင်ကုန်စည်ပို့ဆောင်ရေးကားဂိတ် ရှေ့တွင် အဆိုပါယာဉ်လိုင်း ဆယ်ဘီးတပ် ကုန်တင်ယာဉ်၏အရှေ့ပိုင်းအလေးကို ပြန် တင်စဉ် တုံးပြုတ်ထွက်သွားပြီး ယင်းသို့ပိမိ ခြင်းဖြစ်ကြောင်း ယင်းကုန်စည်ပို့ဆောင်ရေး မှ တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောသည်။

ထိုသို့ပိမိခြင်းကြောင့် ဝမ်းတွင်း မြို့ ရွာရှည်ရွာဇာတိ မောင်ဖြိုးငြိမ်း အသက် ၁၉ နှစ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပင် သေဆုံးခဲ့ပြီး မောင်ဖြိုးငြိမ်းနှင့် ဇာတိ တူ ကျန်နှစ်ဦးဖြစ်သည့် ယာဉ်မောင်းဖြစ် သူ ဦးအောင်မျိုးဦး အသက် ၃၃ နှစ်နှင့် ယာဉ်အကူ ဦးထွန်ြး<ွကယ် အသက် ၃၆နှစ် တို့ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် မြိတ်အ ထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း ယင်းကုန်စည်ပို့ ဆောင်ရေးမှတာဝန်ခံ ဦးသန့်ဇင်ဦးက ရှင်း ပြသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့်လုပ် ငန်းခွင်ကို သက်ဆိုင်ရာမှလာရောက်စစ် ဆေးခဲ့ပြီး (ပ) ၁၂၇။ ၂ဝ၁၄ ၊ ပုဒ်မ ၃ဝ၄- (က)။ ၃၃၇ အရအရေးယူဆောင်ရွက်လျက် ရှိကြောင်း အထက်ပါရဲစခန်းမှ သိရသည်။

Credit to:Yangon Media Group 

from>>:Yangon Media Group

No comments:

Post a Comment