တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား အင်ဒိုနီးရှားသမ္မတနိုင်ငံ ကာကွယ်ရေးဦးစီးချုပ်Gen Dr. Moeldoko ကဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ဒေသစံတော် ချိန် နံနက် ၇ နာရီတွင် ဂျကာတာ မြို့ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စစ် ရေးပြကွင်း၌ ကျင်းပသည်။
ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံးတွင် တပ်မတော်ကာကွယ်
ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့နှင့်အင်ဒိုနီးရှားသမ္မတ နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဦးဆောင်သောအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးကြသည်။
တွေ့ဆုံရာတွင် အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ်က ယခုချစ် ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်အတွက်အကျိုးဖြစ်ထွန်း မည့်ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေမှုအတွက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့နှစ် နိုင်ငံသည် ရှည်လျားသောဆက်ဆံ ရေး အစဉ်အလာကောင်းများရှိခဲ့ပြီး ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နှစ်နိုင်ငံအစိုးရ အချင်းချင်းနှင့် တပ်မတော်နှစ်ရပ်အကြား ယခင် ကထက် ဆက်ဆံရေးနယ်ပယ် တိုး တက်လာခဲ့ပြီး စစ်ဦးစီးတက္ကသိုလ် နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်
တန်းသားများအချင်း ချင်း အပြန်အလှန်လည်ပတ်နိုင်ရေး ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာ့တပ် မတော်အနေဖြင့် Peace Keeping သင်တန်းတက်ရောက်လိုပါကအရာရှိ သင်တန်းသားများစေ
လွှတ်နိုင်ပါ ကြောင်း၊ ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလ အတွင်း(၂၇)ကြိမ်မြောက် အာဆီယံ အားကစားပြိုင်ပွဲကျင်းပနိုင်ခဲ့ခြင်း နှင့်ပြိုင်ပွဲတွင် ထိပ်ဆုံးပိုင်း၌ ရပ် တည်ခဲ့သဖြင့်ဂုဏ်ယူပါကြောင်းဖြင့်ဆွေးနွေးပြော ကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က မိမိယခုလာရောက်ခြင်း သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုကို ပိုမို တိုးမြှင့်လို၍ဖြစ်ပြီး အင်ဒိုနီးရှားနှင့် ဆက်ဆံရေးနွေးထွေးမှု ရှိစေရန် အတွက်ဖြစ်ကြောင်း၊ မိမိတို့နှစ် နိုင်ငံသည် ၁၉၅၁ခုနှစ်ဘန်ဒေါင်း ညီလာခံတွင် ဘက်မလိုက်ဘဲငြိမ်း ချမ်းစွာယှဉ်တွဲနေထိုင်ရေးမူကြီး(၅) ရပ်ကိုအတူတကွလက်မှတ်ရေးထိုး နိုင်ကြကြောင်း၊ ၄င်းမူများသည် ယနေ့ကမ္ဘာပေါ်တွင် စံတစ်ခုအနေ ဖြင့်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သို့လည်း အင်ဒိုနီးရှားတပ်မတော် (ကြည်း၊ရေ၊လေ)ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ရန်ဖိတ်ခေါ် ပါကြောင်း၊ စစ်ဦးစီးတက္ကသိုလ်၊
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းများလည်းလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်အား
ကစားနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန် စေလွှတ်နိုင်ရန်နှင့်
နှစ်နိုင်ငံဘာသာ စကားသင်တန်းများ အပြန်အလှန် စေလွှတ်
တက်ရောက်နိုင်ရေးအတွက် ကိုလည်း အကြံပြုလိုပါကြောင်း၊ အဆွေတော်တို့နိုင်ငံတွင် ဖွင့်လှစ် ထားသော Peace Keeping သင်တန်းများကိုလည်း စိတ်ဝင်စား ပါကြောင်း၊ မိမိကို့ ကြိုယ်စား လှယ်တစ်ဦးက မြန်မာ့တပ်မတော် သားများကိုကုလ
သမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင်ပါဝင်နိုင် ရေးအတွက်
အကြံပြုကမ်းလှမ်း ထားပါကြောင်းပြောကြားသည်။
ဆက်လက်၍မြန်မာ့တပ်မတော် နှင့် အင်ဒိုနီးရှားတပ်မတော်သည် အတွေ့အကြုံရင့်ကျက်သည့် တပ် မတော်များဖြစ်ပါကြောင်း၊ ၄င်း အတွေ့အကြုံများကို အမြင်ချင်း ဖလှယ်ပြီး ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ပါက အကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ နိုင်ငံအသီးသီးတွင်ရှိ သော တပ်မတော်တိုင်းသည် ၄င်း နိုင်ငံ၏အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြရပြီး မည်သူကမျှ တားဆီး၍မရပါကြောင်း၊ လာမည့် မတ်လတွင် ကျင်းပမည့် အာဆီယံ တပ်မတော်ဦးစီးချုပ်များအစည်း အဝေးကို တက်ရောက်မည့် အဆွေ တော်အား ဝမ်းမြောက်စွာကြို
ဆိုပါ ကြောင်း ပြောကြားသည်။
from>>The Union Daily
No comments:
Post a Comment