Monday, February 17, 2014

ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

Photo: ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင် အိမ်ရှင်အသင်းကို အားပေးသည့် အနေဖြင့် အလှမယ် ရွေးချယ်ပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။ ဘရာဇီးလ်အသင်း ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးရေးသည် သန်းပေါင်း(၂၀၀)မျှရှိသည့် ဘရာဇီးလ် ပြည်သူများအတွက် အိပ်မက်တစ်ခု ဖြစ်သော်လည်း အမျိုးသမီး တစ်ဦးကမူ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်အားပေးခွင့် ရမည်ဖြစ်သည်။ Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ယင်းတို့အနက် နောက်ဆုံး တစ်ဦးကို မတ်လ(၅)ရက်နေ့တွင် အမည်ထုတ်ပြန် ကြေညာသွားမည် ဖြစ် သည်။ ရွေးချယ်ခံရသော အလှမယ်သည် ဘရာဇီးလ် အသင်း၏ ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲကာလတွင် ပရိသတ်ရှေ့ ထွက်ပေါ်လာခွင့် ရရှိမည်ဟု ဆိုသည်။ နေမာ၊ သီယာဂိုဆေးလ်ဗား အစရှိသည့် ကမ္ဘာကျော် ဘောလုံးသမားများ စုစည်းထားသည့် ဘရာဇီးလ် အသင်းအနက် ဆွဲဆောင်မှု အရှိဆုံးနှင့် ဆွဲဆောင်မှု အနည်းဆုံး ကစားသမား တစ်ဦးစီကို အဆိုပါ မိန်းကလေးများက မဲပေးခွင့် ရရှိခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးအဖြစ် နေမာက ရပ်တည်နေသည်။

ဆွဲဆောင်မှု အနည်းဆုံးမှာမူ တိုက်စစ်မှူးဟော့ခ် ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း မိန်းကလေး အများစု တစ်ပြေးညီ ယူဆထားသည့် ဘရာဇီးလ်ရောက် ဘောလုံးသမား အားလုံးအနက် ဆွဲဆောင်မှု အရှိဆုံး ကစားသမားမှာမူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်နေသည်။ အိမ်ရှင်ဘရာဇီးလ် အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(A)တွင် ပါဝင်နေပြီး ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်းတို့နှင့်အတူ ကျရောက်နေကြောင်း သိရှိရသည်။

Aye Chan Mon# Credit To : Planet Myanmar Network> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 

Planet Myanmar Network

No comments:

Post a Comment