[ စိုးချစ်ချစ်ပိုင် ရန်ကုန်၊ ]
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဆက်သွယ်ရေးကဏ္ဍ မှာ
နံပါတ်(၁) ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း
မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(ြှုဃ)၏ မူလ တွက်ချက်မှုအရ စက်မှုကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှုသည် ပထမအများဆုံးနေရာတွင် ရပ်တည်နိုင်ပြီး ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းရင်းနှီးမြှုပ်နှံမှုသည် ဒုတိယအများဆုံး ဖြစ်နေသော်လည်း လက်ရှိအခြေအနေ အရ ဆက်သွယ်ရေးကဏ္ဍမှနံပါတ် (၁)ဖြစ် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး က ''၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်မှာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ လေးဘီလီယံနဲ့ ငါးဘီလီယံကြားမှာ မှန်းထားတယ်။ ရင်း နှီးမြှုပ်နှံမှုအများဆုံးအနေနဲ့ စက်မှုကဏ္ဍကို ရာခိုင်နှုန်း ၇ဝမျှော်မှန်းထားတယ်။ နောက်တစ်ခု အလားအလာကောင်းတာ က ဟိုတယ်လုပ်ငန်း။ ဒီနှစ်ထဲမှာံသအနူ ဏမသနြခအ တွေဝင်လာဖို့ရှိတယ်။ ဟိုတယ် ခရီးလုပ်ငန်းကို ဒုတိယမှန်းထားတယ်။ ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ်အလားအလာ တစ်ခုကတော့ ဆက်သွယ်ရေးပါ။ ဆက် သွယ်ရေးကလဲ ဒီလုပ်ငန်းနှစ်ခုစလုံးကို ကျော်တက်ပြီး နံပါတ်(၁)ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သွားနိုင်တယ်''ဟု သုံးသပ် ပြောကြားသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကို သုံးဘီလီယံမှန်း ထားရာ ခန့်မှန်းချက်အတိုင်း ရရှိနေပြီး ယင်းကာလတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံမှု နိုင်ငံများမှာ မလေးရှား၊ စင်ကာပူ၊ ဟောင် ကောင်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ဖြစ် ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ထိပ် တန်းရင်းနှီးမြှုပ်နှံမှုနိုင်ငံများအဖြစ် ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ ပါလာနိုင်ပြီး ဥရောပနိုင်ငံများမှ ယခုနှစ်တွင် စတင်ဝင် ရောက်လာသော်လည်း ထိပ်တန်းရင်းနှီး မြှုပ်နှံမှုနိုင်ငံများတွင် ပါလာနိုင်ဖွယ်မရှိ ကြောင်း သိရသည်။
from>>Yangon Media Group

No comments:
Post a Comment