Tuesday, February 18, 2014

သံလွင်မြစ်ပေါ်ရှိ တာဆန်းတံတား အကြီးစားပြင်ဆင်

Photo: သံလွင်မြစ်ပေါ်ရှိ တာဆန်းတံတား အကြီးစားပြင်ဆင်

သံလွင်မြစ်ပေါ်ရှိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် တာဆန်းတံတားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ အကြီးစားပြင်ဆင်မှု ပြုလုပ်လျက် ရှိကြောင်း ပြင်ဆင်ရေး တာဝန်ယူ လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်း ဝန်ကြီးဌာန၊ တံတား ဆောက်လုပ်ရေး အထူးအဖွဲ့ (၁) မှ လုပ်ငန်း ကြီးကြပ်သူ ဦးအောင်ခန့်က ပြောကြားသည်။

တံတား၏ ကြိုးဆိုင်းများကို ပြန်တင်းခြင်း၊ ကမ်းပါးယံ ကြိုးများကို ဆွဲတင်းခြင်း၊ တံတား အကာပိုင်းများ ပြင်ဆင်ခြင်းနှင့် တံတား ကြမ်းခင်းများ၊ အောက်ခြေပိုင်း ထပ်ပိုးခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပြင်ဆင်ရေးကို အင်ဂျင်နီယာဦးထွန်းထွန်း အပါအဝင် လုပ်သား ၃၁ ဦးဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"လုပ်ငန်းကာလ နှစ်လလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။ တံတား အောက်ပိုင်းတင် တော်တော်လုပ်ရမယ်" ဟု ၄င်းက ဆိုသည်။

မိုင်းပျင်းမြို့နယ် အတွင်းရှိ သံလွင် မြစ်ဖြတ်တာကော်တံတား ပြီးလျှင် ယခု အကြီးစားပြင်ဆင်မည့် တာဆန်းတံတားမှာ ပြည်မနှင့် ရှမ်းတောင်ထွက် ကုန်စည်များကို ရှမ်းအရှေ့စားသုံးသူ လူထုသို့ ပေးပို့ရာတွင် လည်းကောင်း၊ နယ်ခြားကုန်သွယ်မှု စနစ်အရ ထိုင်းနိုင်ငံထုတ် ကုန်စည်များကို ပြည်မသို့ သယ်ဆောင်ရာတွင် လည်းကောင်း အများဆုံးအသုံးပြုရာ အဓိက ကုန်သွယ်မှု တံတားတစ်စင်း ဖြစ်သည်။

တာဆန်းတံတား ခံနိုင်ဝန်မှာ တန် ၂၀ သာရှိသဖြင့် ကုန်စည်နှင့် သစ်လုံးတင် ကားကြီးများ အနေနှင့် ကတ္တားချိန်ပြီး တန်ပိုများကို အခြားကားတစ်စီးဖြင့် သယ်ပို့ရသဖြင့် စရိတ်ကုန်ကျမှု ပိုမိုရကြောင်း ယာဉ်ကြီးမောင်းသမား များက ဆိုသည်။

ယင်းတံတား မရှိခင်က ဖောင်ဖြင့် ကူးရသဖြင့် အန္တရာယ် များပြားပြီး ခရီးကြန့်ကြာသည့် အပြင် စရိတ်ကုန်ကျမှု ပိုမိုကြောင်း အဆိုပါ တံတားကို အသုံးပြု သွားလာလျက်ရှိသည့် ကုန်သည်နှင့် ခရီးသည်များက ပြောကြားသည်။

တံတားပြင်ဆင်မှု မရှိခင် ကတ္တားစနစ်ဖြင့် တန်ပိုကားများကို မထိန်းချုပ်မီက ယာဉ်တစ်စီး ဖြတ်လျှင် တံတားလွှဲယမ်းမှု များပြားလာ၍ ပြည်နယ် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းက တင်ပြသဖြင့် ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြင်ဆင်မှု ပြုလုပ်စေခဲ့ကြောင်း အဆိုပါ ကားကြီးအသင်း ထံမှ စုံစမ်းသိရှိရသည်။

တာဆန်းသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ သံလွင်အရှေ့ ဘက်ကမ်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ သံလွင် အနောက်ဘက်ကမ်း တို့ကို ဆက်စပ် သွယ်တန်းထားသည့် နံရံ အားပြု ကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်ပြီး ၉၉၉ ပေအရှည် ရှိ၍ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ရာ သက်တမ်း ၁၅ နှစ် ရှိပြီဖြစ်သည်။

The Voice Weekly 
 သံလွင်မြစ်ပေါ်ရှိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် တာဆန်းတံတားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ အကြီးစားပြင်ဆင်မှု ပြုလုပ်လျက် ရှိကြောင်း ပြင်ဆင်ရေး တာဝန်ယူ လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်း ဝန်ကြီးဌာန၊ တံတား ဆောက်လုပ်ရေး အထူးအဖွဲ့ (၁) မှ လုပ်ငန်း ကြီးကြပ်သူ ဦးအောင်ခန့်က ပြောကြားသည်။

တံတား၏ ကြိုးဆိုင်းများကို ပြန်တင်းခြင်း၊ ကမ်းပါးယံ ကြိုးများကို ဆွဲတင်းခြင်း၊ တံတား အကာပိုင်းများ ပြင်ဆင်ခြင်းနှင့် တံတား ကြမ်းခင်းများ၊ အောက်ခြေပိုင်း ထပ်ပိုးခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပြင်ဆင်ရေးကို အင်ဂျင်နီယာဦးထွန်းထွန်း အပါအဝင် လုပ်သား ၃၁ ဦးဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"လုပ်ငန်းကာလ နှစ်လလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။ တံတား အောက်ပိုင်းတင် တော်တော်လုပ်ရမယ်" ဟု ၄င်းက ဆိုသည်။

မိုင်းပျင်းမြို့နယ် အတွင်းရှိ သံလွင် မြစ်ဖြတ်တာကော်တံတား ပြီးလျှင် ယခု အကြီးစားပြင်ဆင်မည့် တာဆန်းတံတားမှာ ပြည်မနှင့် ရှမ်းတောင်ထွက် ကုန်စည်များကို ရှမ်းအရှေ့စားသုံးသူ

လူထုသို့ ပေးပို့ရာတွင် လည်းကောင်း၊ နယ်ခြားကုန်သွယ်မှု စနစ်အရ ထိုင်းနိုင်ငံထုတ် ကုန်စည်များကို ပြည်မသို့ သယ်ဆောင်ရာတွင် လည်းကောင်း အများဆုံးအသုံးပြုရာ အဓိက ကုန်သွယ်မှု တံတားတစ်စင်း ဖြစ်သည်။

တာဆန်းတံတား ခံနိုင်ဝန်မှာ တန် ၂၀ သာရှိသဖြင့် ကုန်စည်နှင့် သစ်လုံးတင် ကားကြီးများ အနေနှင့် ကတ္တားချိန်ပြီး တန်ပိုများကို အခြားကားတစ်စီးဖြင့် သယ်ပို့ရသဖြင့် စရိတ်ကုန်ကျမှု ပိုမိုရကြောင်း ယာဉ်ကြီးမောင်းသမား များက ဆိုသည်။

ယင်းတံတား မရှိခင်က ဖောင်ဖြင့် ကူးရသဖြင့် အန္တရာယ် များပြားပြီး ခရီးကြန့်ကြာသည့် အပြင် စရိတ်ကုန်ကျမှု ပိုမိုကြောင်း အဆိုပါ တံတားကို အသုံးပြု သွားလာလျက်ရှိသည့် ကုန်သည်နှင့် ခရီးသည်များက ပြောကြားသည်။

တံတားပြင်ဆင်မှု မရှိခင် ကတ္တားစနစ်ဖြင့် တန်ပိုကားများကို မထိန်းချုပ်မီက ယာဉ်တစ်စီး ဖြတ်လျှင် တံတားလွှဲယမ်းမှု များပြားလာ၍ ပြည်နယ် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းက တင်ပြသဖြင့် ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြင်ဆင်မှု ပြုလုပ်စေခဲ့ကြောင်း အဆိုပါ ကားကြီးအသင်း ထံမှ စုံစမ်းသိရှိရသည်။

တာဆန်းသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ သံလွင်အရှေ့ ဘက်ကမ်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ သံလွင် အနောက်ဘက်ကမ်း တို့ကို ဆက်စပ် သွယ်တန်းထားသည့် နံရံ အားပြု ကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်ပြီး ၉၉၉ ပေအရှည် ရှိ၍ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ရာ သက်တမ်း ၁၅ နှစ် ရှိပြီဖြစ်သည်။

The Voice Weekly

No comments:

Post a Comment