၂၀၁၄ ခုနှစ်၊
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အမှတ်(၇)မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(တမူး)မှတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ
စစ်ကိုင်းတိုင်းဒေသကြီး၊
တမူးမြို့၊ ဈေးတန်း(၉)ရပ်ကွက်နေ မလမ်ခိုဟတ်(၅၀)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေစဉ် မလမ်ခိုဟတ်မှာ ပလပ်စတစ်ခြင်းတောင်းအား နေအိမ်ပေါ်မှ အနောက်ဘက်ခြံဝင်းအတွင်းသို့ ပစ်ချလိုက်သည်ကိုတွေ့ရှိရသဖြင့် စစ်ဆေးရာ ခြင်းတောင်း အတွင်းမှ ဘိန်းစိမ်း(၄)ကီလို၊ တန်ဘိုးငွေကျပ်သိန်း(၁၂၀)အား သိမ်းဆည်းရမိခဲ့သဖြင့် မလမ်ခိုဟတ်အား တမူးမြို့မရဲစခန်းမယ(ပ)၁၇/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
from>>ရဲဇာနည်

No comments:
Post a Comment