Tuesday, February 18, 2014

ကိုကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းတည်ဆောက်နေသည်ဟူသည့် သတင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး ငြင်းဆို။

ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ်စခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေယာဉ်ပြေးလမ်းကို ပြန်လည်ပြုပြင်နေခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။

``ကိုကိုးကျွန်းက ဘယ်သူမဆိုအလည်အပတ်သွားလို့ရပါတယ်။ အပျော်စီးသင်္ဘောတွေတောင်သွားလို့ရနေပါပြီ။ တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းဘာတစ်ခုမှမရှိဘူး။ လူတိုင်းသိလို့ရတဲ့ကိစ္စပါ။ ကိုကိုးကျွန်းပေါ်မှာ လျှို့ဝှက်ထားစရာနေရာ ဘာမှမရှိဘူး။ ထင်ယောင်ထင်မှားဖြစ်အောင် ဘာလို့လုပ်ကြတာလဲမသိဘူး´´ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

from>>7 days

No comments:

Post a Comment