
အနုပညာခြေလှမ်းတွေ စိပ်နေတဲ့ သရုပ်ဆောင် အိချောပိုကို
သူမရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး မေးကြည့်ဖြစ်တဲ့အခါ ‘ဖက်ရှင်ကတော့
အနုပညာသမားတစ်ယောက်အတွက် အရေးပါပါတယ်။ ဒါပေမဲ့လည်း ကိုယ်နဲ့လိုက်ဖက်မှပဲ
အဆင်ပြေမှာလေ။ ကိုယ်နဲ့ လိုက်ဖက်တာကိုပဲ အဓိကထားပြီင်္းတော့ ပဲဝတ်ဖြစ်ပါတယ်။
ဇာတ်ကားရိုက်ဖို့ဆိုရင်တော့ ကာရိုက်တာပေါ်မူတည်ပြီးတော့ အဝတ်အစားကို
ဝတ်တယ်။ ပြီးတော့ မိတ်ကပ်အပြင်အဆင်လည်းပါတာပေါ့။ ဒီဇာတ်ရုပ်ကဘာလဲ။
ပန်းရံသမားလား၊ အဝတ်လျှော်သည်လား၊ ဒါမှမဟုတ်စားသောက်ဆိုင်မှာ
သီချင်းဆိုရတဲ့ ကောင်မလေးလား။ အဲဒီလို ကာရိုက်တာခွဲပြီးတော့မှ
အဝတ်အစားဒီဇိုင်းကိုစဉ်းစားတယ်။ လူငယ်တွေကလည်း မျက်စိဖွင့်၊ နားဖွင့်လေ။
အင်တာနက်ခေတ်ဆိုတော့ အကုန်လုံးက ကိုယ်တွေထက်တောင်မှ ဝတ်တတ်တယ်လေ။ ကောင်းပါတယ်။ ဘာပဲပြောပြော ကိုယ်နဲ့လိုက်ဖက်ရာ လိုက်ဖက်ရာ ဝတ်ဆင်တတ်တော့ ပိုကောင်းတာပေါ့။ ချောကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး နိုင်ငံခြားလိုင်းတွေကြည့်တယ်။ ကိုယ့်ရိုးရာ ဖက်ရှင်လေးတွေလည်းကြည့်ဖြစ်တယ်။ အစုံပါပဲ။ နိုင်ငံခြားဖက်ရှင်တွေကြည့်ရတာ ကောင်းပါတယ်။ တစ်ချို့အရာတွေကျတော့လည်း ကိုယ့်နိုင်ငံနဲ့ အဆင်မပြေတာ တွေလည်းရှိတယ်လေ။ အဲဒါမျိုးတွေကျတော့လည်း ကိုယ်နဲ့လိုက်ဖက်မှ၊ နောက်ကိုယ့်နိုင်ငံရဲ့ရိုးရာ၊ ယဉ်ကျေးမှုနဲ့ လိုက်ဖက်မှဝတ်ရင်တော့ ပိုကောင်းတာပေါ့။ နွေရာသီလို ပူတဲ့ရာသီမျိုးက ဂျင်းတော့ သိပ်မဝတ်နိုင်ပါဘူး။ ချည်ထည်ဘောင်းဘီလေးတွေလောက်ပဲ ပိုဝတ်ဖြစ်ပါတယ်’တဲ့။
From: Trend Myanmar
No comments:
Post a Comment