Tuesday, February 18, 2014

ပထမဆုံးအကြိမ် ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ရံပုံငွေ ဂီတပွဲတော် ကျင်းပ

Photo: ပထမဆုံးအကြိမ် ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ရံပုံငွေ ဂီတပွဲတော် ကျင်းပ

ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၄
 
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (တပေါင်းကွင်း) ၌ ဖေဖေါ်ဝါရီ ၁၄ ရက် ညနေ ၅ နာရီတွင် ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အတွက် ပထမဆုံးအကြိမ် ပအိုဝ်းတေးဂီတ၊ ပအိုဝ်းရိုးရာယဉ်ကျေးမှုအက နှင့် ပအိုဝ်းရိုးရာဝတ်စုံဖက်ရှင်ရှိုးပွဲတော်တရပ် ကျင်းပခဲ့ကြောင်း သိရသည်။
 
“ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) ရည်ရွယ်ချက်များဖြစ်တဲ့ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုး နိုင်ရန်နဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ပအိုဝ်းတိုင်းရင်းသားများတို့၏ ချစ်ကြည်မှု စည်းလုံးညီညွတ်မှုများပိုမိုခိုင်မာရေး၊ အခြားသောအဖွဲ့အစည်းများနှင့် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် တေးဂီတဖျော်ဖြေပွဲတော် ကျင်းပတာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အထွေထွေအတွင်းရေးမှုး ဒေါ်နန်းဝင်းကြည် မှ ပြောပါသည်။
 
အဆိုပါတေးဂီတဖျော်ဖြေပွဲကို ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) မှ ကြီးမှူး၍ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွင် ခွန်ခမ်းခြွိုင်း၊ ခွန်ထွန်းမောင်၊ခွန်အောင်နိုင်၊ ခွန်ကံပို၊ ခွန်ရဲနိုင်၊ နန်းသဲင်စိန်း၊ နန်းနွေးဝေ၊ နန်းကဗျာဝေင့်တို့ပါဝင်သည့် နာမည်ကြီးပအိုဝ်းတိုင်းရင်းသား တေးသံရှင်များ (၂၀) ကျော် အသီးသီးမှ လာရောက်အားပေးဖျော်ဖြေတင်ဆက်ခဲ့သည်။
 
“ဦးဆောင်ကျင်းပပေးတဲ့ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ကိုလည်း အထူးပဲကျေးဇူးတင်တယ်၊ ပြီးတော့ သမီးတို့ ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံနဲ့ပထမဆုံးအကြိမ် မော်ဒယ်ရှိုးပွဲကိုလည်း မေတ္တာဖြင့် ကူညီလျှောက်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်”ဟု သြစတေးလျမှ ပြန်လာသည့် University of Technology Sydney မှ  ဆက်သွယ်ရေးအင်ဂျင်နီယာ ကျောင်းသူ နန်းစုစန္ဒီ က ပြောသည်။
 
ရံပုံငွေပွဲမှာလူကြိုက်များ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့  “စမူ;နံ,”  တေးသီချင်းကို (International Language andBusiness Center (ILBC) ) မှ (၄) တန်းကျောင်းသူ ပအိုဝ်းအမျိုးသမီးငယ် နန်းမြတ်ဖွေးသန့်၏ သီဆိုမှုကို ပွဲလာပရိသတ်များ၏ အားပေးမှု အများဆုံးရရှိသော သီးချင်းလေး ဖြစ်ခဲ့ကြောင်းလည်းသိရပါသည်။
 
ရရှိလာသောရုံပုံငွေများကို ပညာသင်ယူရန် အခက်အခဲဖြစ်နေသော ပအိုဝ်းကျောင်းသား ကျောင်းသူများနှင့်ထူးချွန်ထက်မြက်သော ပအိုဝ်းကျောင်းသား ကျောင်းသူများအား ထောက်ပံ့ ချီးမြင့်သွားရန်နှင့် အမျိုးသမီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်ပြီးလုပ်ဆောင်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်းပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ရံပုံငွေ တေးဂီတပွဲတော် ကျင်းပရေးကော်မတီမှ ဆိုသည်။
 
ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အဖွဲ့သည့် ပအိုဝ်းတိုင်းရင်းသားများ၏ဆန္ဒနှင့် ပအိုဝ်းသံဃာတော်ကြီးများ သြ၀ါဒခံယူပြီး ၁၃ရ၁ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Credit to:တောင်ကြီးတိုင်းမ် ၊ 
 ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (တပေါင်းကွင်း) ၌ ဖေဖေါ်ဝါရီ ၁၄ ရက် ညနေ ၅ နာရီတွင် ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အတွက် ပထမဆုံးအကြိမ် ပအိုဝ်းတေးဂီတ၊ ပအိုဝ်းရိုးရာယဉ်ကျေးမှုအက နှင့် ပအိုဝ်းရိုးရာဝတ်စုံဖက်ရှင်ရှိုးပွဲတော်တရပ် ကျင်းပခဲ့ကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) ရည်ရွယ်ချက်များဖြစ်တဲ့ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုး နိုင်ရန်နဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ပအိုဝ်းတိုင်းရင်းသားများတို့၏ ချစ်ကြည်မှု စည်းလုံးညီညွတ်မှုများပိုမိုခိုင်မာရေး၊ အခြားသောအဖွဲ့အစည်းများနှင့် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် တေးဂီတဖျော်ဖြေပွဲတော် ကျင်းပတာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အထွေထွေအတွင်းရေးမှုး ဒေါ်နန်းဝင်းကြည် မှ ပြောပါသည်။

အဆိုပါတေးဂီတဖျော်ဖြေပွဲကို ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) မှ ကြီးမှူး၍ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွင် ခွန်ခမ်းခြွိုင်း၊ ခွန်ထွန်းမောင်၊ခွန်အောင်နိုင်၊ ခွန်ကံပို၊ ခွန်ရဲနိုင်၊ နန်းသဲင်စိန်း၊ နန်းနွေးဝေ၊

နန်းကဗျာဝေင့်တို့ပါဝင်သည့် နာမည်ကြီးပအိုဝ်းတိုင်းရင်းသား တေးသံရှင်များ (၂၀) ကျော် အသီးသီးမှ လာရောက်အားပေးဖျော်ဖြေတင်ဆက်ခဲ့သည်။

“ဦးဆောင်ကျင်းပပေးတဲ့ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ကိုလည်း အထူးပဲကျေးဇူးတင်တယ်၊ ပြီးတော့ သမီးတို့ ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံနဲ့ပထမဆုံးအကြိမ် မော်ဒယ်ရှိုးပွဲကိုလည်း မေတ္တာဖြင့် ကူညီလျှောက်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်”ဟု သြစတေးလျမှ ပြန်လာသည့် University of Technology Sydney မှ ဆက်သွယ်ရေးအင်ဂျင်နီယာ ကျောင်းသူ နန်းစုစန္ဒီ က ပြောသည်။

ရံပုံငွေပွဲမှာလူကြိုက်များ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “စမူ;နံ,” တေးသီချင်းကို (International Language andBusiness Center (ILBC) ) မှ (၄) တန်းကျောင်းသူ ပအိုဝ်းအမျိုးသမီးငယ် နန်းမြတ်ဖွေးသန့်၏ သီဆိုမှုကို ပွဲလာပရိသတ်များ၏ အားပေးမှု အများဆုံးရရှိသော သီးချင်းလေး ဖြစ်ခဲ့ကြောင်းလည်းသိရပါသည်။

ရရှိလာသောရုံပုံငွေများကို ပညာသင်ယူရန် အခက်အခဲဖြစ်နေသော ပအိုဝ်းကျောင်းသား ကျောင်းသူများနှင့်ထူးချွန်ထက်မြက်သော ပအိုဝ်းကျောင်းသား ကျောင်းသူများအား ထောက်ပံ့ ချီးမြင့်သွားရန်နှင့် အမျိုးသမီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်ပြီးလုပ်ဆောင်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်းပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO) ရံပုံငွေ တေးဂီတပွဲတော် ကျင်းပရေးကော်မတီမှ ဆိုသည်။

ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) အဖွဲ့သည့် ပအိုဝ်းတိုင်းရင်းသားများ၏ဆန္ဒနှင့် ပအိုဝ်းသံဃာတော်ကြီးများ သြ၀ါဒခံယူပြီး ၁၃ရ၁ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

from>>:တောင်ကြီးတိုင်းမ် ၊

No comments:

Post a Comment