Tuesday, February 18, 2014

ယခင်နှင့် ယခု ပအိုဝ်းခေါင်းဆောင်းတို့ ပြုမှု

Photo: ယခင်နှင့် ယခု ပအိုဝ်းခေါင်းဆောင်းတို့ ပြုမှု

ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၄
 
ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားသည်ခေတ်အဆက်ဆက်မှ တည်ရှိနေသော တိုင်းရင်းသားဟု သမိုင်းဖော်ပြချက်အရ သိရှိရပေသည်။ သူရိယစန္ဒာမင်းမတိုင်ခင်ကတည်းက တည်ရှိနေပါသည်။ သထုံသုဝဏ္ဏဘူမိသည် ပအိုဝ်းတိုင်းပြည်ဟု ခေါ်လျှင်မမှားပေ။ပြည်နယ်နှင့်တိုင်းသည် ပင်လုံစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာသည်။ သုဝဏ္ဏဘူမိသည်နောက်ဆုံးမင်းဖြစ်သော ခွန်မနုဟာသည် ဘုန်းတန်ခိုးကြီးမှားပြီး ၎င်း၏ အုပ်ချုပ်မှုကို တိုင်းသူပြည်သားများကလိုက်နာကြောင်း သမိုင်းရာဇဝင်အရ သိရှိရပေသည်။ ၎င်းအား အရင်ခေတ် ပအိုဝ်းသမိုင်းစဉ်ဆက်နေထိုင်ခဲ့သောပအိုဝ်းဟု ပြောလျှင်မမှားပေ။
 
ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော သုဝဏ္ဏဘူမိသည်  ပုဂံမင်းအနော်ရထာသိမ်းပိုက်ပြီးနောက် တစ်ကွဲ တစ်ပြားဖြစ်ခဲ့ရသည်။ ရေကြည်ရာမျက်နုရာသို့ ပြောင်းရွေ့နေထိုင်လာခဲ့သည်။အသက်မွေးဝမ်းကြောင်း အတွက် အဓိကတောင်ယာစိုက်ပျိုးလုပ်ကိုင်လာခဲ့ကြသည်။ တောင်ပေါ်ဒေသတွင်အနေထိုင်များပြီး ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိခဲ့သည်။နောက်ပိုင်းတွင် အခြားလူမျိုးများမှ ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ခေါ်လေ့ရှိခဲ့သည်။ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံဦးလှဖေသည် မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် တောင်သူဟုအခေါ်ခံရသော ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းဟု ပြောင်းလဲသတ်မှတ်ခေါ်ပေးရန် နိုင်ငံတော်သို့တောင်းဆိုလာခဲ့သည်။
 
အောက်ပြည်မှရှမ်းပြည်နယ်သို့ ပြောင်းရွေ့လာသော ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းခြဲုင်းဟု ခေါ်သည်။(ခြဲုင်း) ၏ အဓိပ္ပာယ်သည် ပြောင်းရွေ့သည်ကို ဆိုလိုသည်။ တောင်ပေါ်ဒေသ နဂိုမူလ ရှိပြီးသားပအိုဝ်းတိုင်းရင်းသားများလည်း ရှိခဲ့သည်။ သံလွင်မြစ်အရှေ့ဘက်နှင့် ယိုးဒယားအစပ်ကြားတွင် ကျွန်းလေးပေါ်နေထိုင်ခဲ့သော ပအိုဝ်းတိုင်းရင်းသားများလည်း ရှိခဲ့သည်။ ၎င်းကို ပအိုဝ်းကွန်လုံဟု ခေါ်သည်။ ကွန်လုံသည်ရှမ်းစကား ဖြစ်ပြီး ကျွန်းကြီးဟု အဓိပ္ပာယ်ရသည်။ ယခုပအိုဝ်းတိုင်းရင်းသား ဝတ်ဆင်ထားသောအနက်ရောင်ဝတ်စုံသည် ပုဂံမင်းအနော်ရထာက ပအိုဝ်းတိုင်းပြည်ကို သိမ်းပိုက်ပြီး ပအိုဝ်းရဲ့အနာဂတ်သည်လကွယ်ညလို မှောင်မဲနေသည်ကို အဓိပ္ပာယ်ကောက်ယူပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခြင်းဖြစ်သည်ဟုယူဆကြသည်။
 
ပအိုဝ်းကြီးခေါ်ကွန်လုံပအိုဝ်းသည် ဝတ်စုံအနီဖြစ်ကာ နောက်ပိုင်းအောက်ပြည်က ပအိုဝ်း၏ယဉ်ကျေးမှုကို ကူးလူးလာခဲ့သည်။ပအိုဝ်းသမိုင်းသည် စာရေးဆရာချစ်ဦးညို ရေးသားဖော်ပြခဲ့သည်များလည်း ရှိခဲ့ပေသည်။ သမိုင်းစဉ်လာကြီးမားခဲ့သောပအိုဝ်းတိုင်းရင်းသားသည် ရှမ်းပြည်ရှိ ရှမ်းတိုင်းရင်းသားများက သင်တို့ပအိုဝ်းဇာတိကသထုံတွင်တည်ရှိ၍ သထုံသို့ ပြန်ဆင်းခြေဟု တစ်ချို့သမိုင်းသိရှိခြင်း မရှိသော ပုဂ္ဂိုလ်များပြောလာသည်ကို လည်းရှိခဲ့သည်။ သထုံတွင်ရှိသော ပအိုဝ်းတိုင်းရင်းသားများသည်လည်း ဤနေရာသည်မွန်ပြည်နယ် ခွန်မနုဟာသည် မိမိတို့ ဘုရင်၊ သင်တို့ပအိုဝ်းပြည်နယ် မဟုတ်ဟု တဖန်အနိမ်ခံရပြန်သည်။ထိုသို့ခံနေရသည်ကိုပအိုဝ်းခေါင်းဆောင်ကြီး သထုံဦးလှဖေမှ ဖြေဖျောက်နိုင်ခဲ့သော်လည်းအနည်းကျဉ်းသာ ဖြစ်ပေသည်။
 
သထုံဦးလှဖေ၏နိုင်ငံရေးရေချိန်သည်အလွန်မြင့်မားခဲ့သည်။ တောင်ပေါ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ ပညာရေးနိမ့်ကျနေသည်ကိုဆွဲခေါ်နိုင်ခဲ့ပေသည်။ အောက်ပြည်မှ ပညာတတ်များကိုခေါ်ပြီး တောင်ပေါ်ဒေသရှိပအိုဝ်းများကိုပညာသင်ကြားစေခဲ့သည်။ သန့်ရှင်းရေးကအစ လေ့ကျင့်သင်ပေးခဲ့သည်။ အိမ်သာတူးခြင်း၊ ယဉ်လုံအိမ်သာများဆောက်ခိုင်းခြင်း များပြုလုပ်ပေးခဲ့သည်။ ထို့ထက်မက အိမ်သာတက်ကျင့်ရှိစေရန် အိမ်သာတက်နည်းများမှအစသင်ပေးခဲ့ရသည်။
 
ပအိုဝ်းတိုင်းရင်းသားများသည်ရိုးအလွန်း၍ အပေါ့အလေးစွန့်ခြင်းကိုပြင် အိမ်သာဖြင့်အသုံးမပြုဘဲ တောတွင်းတွင် ဖြစ်သလိုစွန့်ခဲ့သည်။စည်းကမ်းရှိအောင် ကျန်းမာရေးနှင့်ညီညွှတ်အောင် သထုံဦးလှဖေက စိတ်ရှည်ရှည်ဖြင့် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါသည်။
 
ထိုချိန်တွင်ပညာတတ်ပအိုဝ်းဆိုလျှင် မရှိသလောက်ပင်။ ပထမတော်လှန်ရေးသည် ဘိန်းသမားများကို ခေါ်စုပြီးတော်လှန်ရေး စခဲ့ရသည်ဟုလည်း ရှေးစကားပြောအရ သိခဲ့ရသည်။ ဒုတိယတော်လှန်ရေးသည် ပအိုဝ်းတိုင်းရင်းသားများစာသင်ရန် ဘုန်းတော်ကြီးကျောင်းတွင် ရဟန်းဝတ်ဖြင့် ပညာသင်ခဲ့ရသည်။ ပညာတတ်ပြီး မျိုးချစ်စိတ်ဓါတ်ပေါ်ထွက်လာကာရဟန်းလူထွက်ပြီး ဒုတိယတော်လှန်ရေးကို စတင်နိုင်ခဲ့ပေသည်။ တော်လှန်ရေးဆိုသည်လည်း လူပုဂ္ဂိုလ်နှင့်စနစ်ကို တော်လှန်ခြင်းဖြစ်ပြီး၊ လူမျိုးကို တော်လှန်ခြင်း မဟုတ်ခဲ့ပေ။ စနစ်ဆိုးကိုသာတော်လှန်ခြင်း ဖြစ်ပေသည်။
 
ထိုစဉ်မှပအိုဝ်းတိုင်းရင်းသားအခြေအနေသည် အောက်ကျနောက်ကျ နေခဲ့ရသော်လည်း ခေါင်းဆောင်ကောင်းဖြင့်ကြုံဆုံခဲ့ရသည့်အတွက် ပအိုဝ်းတိုင်းရင်းသားများ မျက်နှာညိုးငယ်စွာ မနေခဲ့ရပေ။ ခေါင်းဆောင်၏နိုင်ငံရေးရေချိန်သည် အလွန်မြင့်မားသောအဆင့် ရှိခဲ့သည်။ သထုံဦးလှဖေသည် သခင်အောင်ဆန်း၏နိုင်ငံရေးထက် ပိုစောပြီး ရေချိန်ပိုမြင့်ကြောင်း သိရသည်။ ထိုကြောင့် ရှမ်းပြည်စော်ဘွားများကနိုင်ငံတော်သို့ တင်သွင်းခဲ့သော ဖက်ဒရယ်မူ (သို့မဟုတ်) ရှမ်းမူသည် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်သထုံဦးလှဖေ ရေးဆွဲခဲ့သော မူဖြစ်သည်။ ၎င်းကို ဗမာလူမျိုးများမှ ဒါကို ခွဲထွက်ရေးမူဟု ကိုင်စွဲကာတိုင်းရင်းသားမျက်စိနှင့် နှားများကို လှည့်ဖျားကာ အာဏာသိမ်းသွားသည်ကို သိရှိကြမည်အမှန်ဖြစ်သည်။
 
ပင်လုံစာချုပ်ချုပ်ဆိုသောအချိန်တွင် ဦးလှဖေသည် KNU ကိုယ်စားလှယ် လေ့လာသူတစ်ဦးအဖြင့် လက်မှတ်ရေးထိုးခဲ့သည်ကိုယခုချိန်ထိ ဦးလှဖေ၏ ရည်ရွယ်ချက်ကို မသိရှိနိုင်ခဲ့ပေသည်။ နိုင်ငံတော်၏ နိုင်ငံရေးလှည့်ကွက်ကြောင့်ခေါင်းဆောင်ကြီး လက်နက်အပ်ခဲ့ရာ အဖမ်းခံခဲ့ရပြီး ထောင်တွင်းတွင် နှစ်ရှည်အကျဉ်းချခံခဲ့သည့်ကိုလည်းပအိုဝ်းတိုင်းရင်းသားများ နှစ်နှာမှုတစ်ခုပင် ဖြစ်သည်။  ယခင် တပ်မတော်က တာဝန်ရှိသူ ယခု NLD နာယကတစ်ဦးဖြစ်သည့်ဦးတင်ဦးကိုယ်တိုင် ယခုချိန်ထိ ပြောနေကြသေးသည်။ ပအိုဝ်းတိုင်းရင်းသားများသည် ယခင်ကလက်နက်အပ်သည်ကို သွေးရိုးသားရိုး အပ်ခဲ့ပါသည်။ ကျွန်တော်တို့လည်း နိုင်ငံရေးအရ ဆွေးနွေးရမှန်းမသိခဲ့ရှာဟု ဝန်ခံရပေမည်။
 
ယခုပအိုဝ်းတိုင်းရင်းသားများသည်ယခင်ကထက် ပညာတတ်များ ပေါ်ထွက်လာခဲ့သော်လည်း ပအိုဝ်းတိုင်းရင်းသားလူထု အများစုက ဒုက္ခကြုံတွေ့နေရဆဲဖြစ်ပေသည်။ စည်းလုံးမှုလည်း ပျက်ပြားလာခဲ့သည်။ ဖိနိုပ်မှုမျိုးစုံသည်လည်း ကြုံခဲ့ရပေသည်။ခေါင်းဆောင်များ၏ လျစ်လျူရှုခြင်းကို ခံခဲရသည်။ ငါလုပ်နိုင်သည် ငါစွမ်းဆောင်နိုင်သည်ဟုမိမိကိုယ်ကို အထင်ကြီးပြီး သူများခြေသလုံးကို ဖက်ထားနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ဖါးခြင်းတစ်ခုကိုသာတတ်နေသလော၊ ကိုယ့်စွမ်းကိုယ်စကို အားကိုးမှု မရှိတော့သလော အောက်မေ့ရပေသည်။
 
ခေါင်းဆောင်မှုနှင့်အမျိုးသားရေးသမိုင်း အစဉ်အလာကြီးမားခဲ့သော ပအိုဝ်းတိုင်းရင်းသားများသည် ယခုချိန်ထိသမိုင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့ပေသည်။ ယခင်က ဘိန်းစွဲနေသော ပအိုဝ်းတိုင်းရင်းသားကိုခေါင်းဆောင်များက သွန်သင်ပြီးတော် လှန်ရေးပုဂ္ဂိုလ်ဖြစ်သွားခဲ့ပေသည်။ သို့သော် ယခုတွင်ဘိန်းတောင်သူများ ဖြစ်နေလောက်ပြီကို ခေါင်းဆောင်များ သိရှိနေပါသလော။
 
ဈေးကွက်စီးပွားရေးကိုဖန်တီးပေးခြင်း မရှိသည့်အပြင် မတရားအခွန်ကောက်ခံမှုလည်း များပြားကာ ပအိုဝ်းတိုင်းရင်းသားပြည်သူလူထုများကမြေကြီးပေါ် မှောက်လျက်လဲ နေရပါသည်။ ပအိုဝ်းပြည်သူများက အသိပညာပေးပြီး ကာကွယ်ရမည်ကိုအကျင့်ပျက်ချစားမှုပြုလုပ်နေသော အစိုးရ၀န်ထမ်းများနှင့် ပေါင်းကာ လာဒ်ပေးလာဒ်ယူမှုကိုအားပေးနေသော ပအိုဝ်းခေါင်းဆောင်းတစ်ချို့လည်း ရှိနေခဲ့သည်။ ထို့ကြောင့် ပအိုဝ်းပြည်သူလူထုများသည်မတရားမှု ခံမြဲခံနေရသည်ကို အခြားတိုင်းရင်းသားများလည်း သိရှိနေပေသည်။ ရိုးအလွန်းသောပအိုဝ်းတိုင်းရင်းသားများသည် လက်တွဲချင်သောအခြားတိုင်းရင်းသားများ ၊ ကူညီချင်သော အခြားတိုင်းရင်းသားများသိရှိသော်လည်း မကူညီနိုင်ခဲ့ပေ။
 
ထိပ်ပိုင်းတွင်နိုင်ငံတော်သို့ ပအိုဝ်းပြည်နယ်များ တောင်းဆိုနေသော်လည်း အောက်ခြေရှိ ပအိုဝ်းတိုင်းရင်းသားပြည်သူလူထုများကစီးပွားရေးအခြေအနေကြောင့် မြေယာကိုရောင်းစားပြီး တစ်ခြားနေရာသို့ ရောက်သွားသည်ကို ဂရုမစိုက်ဘဲထိုသို့ပအိုဝ်းပြည်နယ်များရခဲ့လျှင် ဆိုင်းဘုတ်နီနီဖြင့် ကျန်ရှိနေမည်မှာ တရုတ်များဖြစ်သည်ကိုသတိထားရန် လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။

ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) | 

Credit to:တောင်ကြီးတိုင်းမ် ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားသည်ခေတ်အဆက်ဆက်မှ တည်ရှိနေသော တိုင်းရင်းသားဟု သမိုင်းဖော်ပြချက်အရ သိရှိရပေသည်။ သူရိယစန္ဒာမင်းမတိုင်ခင်ကတည်းက တည်ရှိနေပါသည်။ သထုံသုဝဏ္ဏဘူမိသည် ပအိုဝ်းတိုင်းပြည်ဟု ခေါ်လျှင်မမှားပေ။ပြည်နယ်နှင့်တိုင်းသည် ပင်လုံစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာသည်။ သုဝဏ္ဏဘူမိသည်နောက်ဆုံးမင်းဖြစ်သော ခွန်မနုဟာသည် ဘုန်းတန်ခိုးကြီးမှားပြီး ၎င်း၏ အုပ်ချုပ်မှုကို တိုင်းသူပြည်သားများကလိုက်နာကြောင်း သမိုင်းရာဇဝင်အရ သိရှိရပေသည်။ ၎င်းအား အရင်ခေတ် ပအိုဝ်းသမိုင်းစဉ်ဆက်နေထိုင်ခဲ့သောပအိုဝ်းဟု ပြောလျှင်မမှားပေ။

ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော သုဝဏ္ဏဘူမိသည် ပုဂံမင်းအနော်ရထာသိမ်းပိုက်ပြီးနောက် တစ်ကွဲ တစ်ပြားဖြစ်ခဲ့ရသည်။ ရေကြည်ရာမျက်နုရာသို့ ပြောင်းရွေ့နေထိုင်လာခဲ့သည်။အသက်မွေးဝမ်းကြောင်း

အတွက် အဓိကတောင်ယာစိုက်ပျိုးလုပ်ကိုင်လာခဲ့ကြသည်။ တောင်ပေါ်ဒေသတွင်အနေထိုင်များပြီး ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိခဲ့သည်။နောက်ပိုင်းတွင် အခြားလူမျိုးများမှ ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ခေါ်လေ့ရှိခဲ့သည်။ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံဦးလှဖေသည် မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် တောင်သူဟုအခေါ်ခံရသော ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းဟု ပြောင်းလဲသတ်မှတ်ခေါ်ပေးရန် နိုင်ငံတော်သို့တောင်းဆိုလာခဲ့သည်။

အောက်ပြည်မှရှမ်းပြည်နယ်သို့ ပြောင်းရွေ့လာသော ပအိုဝ်းတိုင်းရင်းသားများကို ပအိုဝ်းခြဲုင်းဟု ခေါ်သည်။(ခြဲုင်း) ၏ အဓိပ္ပာယ်သည် ပြောင်းရွေ့သည်ကို ဆိုလိုသည်။ တောင်ပေါ်ဒေသ နဂိုမူလ ရှိပြီးသားပအိုဝ်းတိုင်းရင်းသားများလည်း ရှိခဲ့သည်။ သံလွင်မြစ်အရှေ့ဘက်နှင့် ယိုးဒယားအစပ်ကြားတွင် ကျွန်းလေးပေါ်နေထိုင်ခဲ့သော ပအိုဝ်းတိုင်းရင်းသားများလည်း ရှိခဲ့သည်။ ၎င်းကို ပအိုဝ်းကွန်လုံဟု ခေါ်သည်။ ကွန်လုံသည်ရှမ်းစကား ဖြစ်ပြီး ကျွန်းကြီးဟု အဓိပ္ပာယ်ရသည်။ ယခုပအိုဝ်းတိုင်းရင်းသား ဝတ်ဆင်ထားသောအနက်ရောင်ဝတ်စုံသည် ပုဂံမင်းအနော်ရထာက ပအိုဝ်းတိုင်းပြည်ကို သိမ်းပိုက်ပြီး ပအိုဝ်းရဲ့အနာဂတ်သည်လကွယ်ညလို မှောင်မဲနေသည်ကို အဓိပ္ပာယ်ကောက်ယူပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခြင်းဖြစ်သည်ဟုယူဆကြသည်။

ပအိုဝ်းကြီးခေါ်ကွန်လုံပအိုဝ်းသည် ဝတ်စုံအနီဖြစ်ကာ နောက်ပိုင်းအောက်ပြည်က ပအိုဝ်း၏ယဉ်ကျေးမှုကို ကူးလူးလာခဲ့သည်။ပအိုဝ်းသမိုင်းသည် စာရေးဆရာချစ်ဦးညို ရေးသားဖော်ပြခဲ့သည်များလည်း ရှိခဲ့ပေသည်။ သမိုင်းစဉ်လာကြီးမားခဲ့သောပအိုဝ်းတိုင်းရင်းသားသည် ရှမ်းပြည်ရှိ ရှမ်းတိုင်းရင်းသားများက သင်တို့ပအိုဝ်းဇာတိကသထုံတွင်တည်ရှိ၍ သထုံသို့ ပြန်ဆင်းခြေဟု တစ်ချို့သမိုင်းသိရှိခြင်း မရှိသော ပုဂ္ဂိုလ်များပြောလာသည်ကို လည်းရှိခဲ့သည်။ သထုံတွင်ရှိသော ပအိုဝ်းတိုင်းရင်းသားများသည်လည်း ဤနေရာသည်မွန်ပြည်နယ် ခွန်မနုဟာသည် မိမိတို့ ဘုရင်၊ သင်တို့ပအိုဝ်းပြည်နယ် မဟုတ်ဟု တဖန်အနိမ်ခံရပြန်သည်။ထိုသို့ခံနေရသည်ကိုပအိုဝ်းခေါင်းဆောင်ကြီး သထုံဦးလှဖေမှ ဖြေဖျောက်နိုင်ခဲ့သော်လည်းအနည်းကျဉ်းသာ ဖြစ်ပေသည်။

သထုံဦးလှဖေ၏နိုင်ငံရေးရေချိန်သည်အလွန်မြင့်မားခဲ့သည်။ တောင်ပေါ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ ပညာရေးနိမ့်ကျနေသည်ကိုဆွဲခေါ်နိုင်ခဲ့ပေသည်။ အောက်ပြည်မှ ပညာတတ်များကိုခေါ်ပြီး တောင်ပေါ်ဒေသရှိပအိုဝ်းများကိုပညာသင်ကြားစေခဲ့သည်။ သန့်ရှင်းရေးကအစ လေ့ကျင့်သင်ပေးခဲ့သည်။ အိမ်သာတူးခြင်း၊ ယဉ်လုံအိမ်သာများဆောက်ခိုင်းခြင်း များပြုလုပ်ပေးခဲ့သည်။ ထို့ထက်မက အိမ်သာတက်ကျင့်ရှိစေရန် အိမ်သာတက်နည်းများမှအစသင်ပေးခဲ့ရသည်။

ပအိုဝ်းတိုင်းရင်းသားများသည်ရိုးအလွန်း၍ အပေါ့အလေးစွန့်ခြင်းကိုပြင် အိမ်သာဖြင့်အသုံးမပြုဘဲ တောတွင်းတွင် ဖြစ်သလိုစွန့်ခဲ့သည်။စည်းကမ်းရှိအောင် ကျန်းမာရေးနှင့်ညီညွှတ်အောင် သထုံဦးလှဖေက စိတ်ရှည်ရှည်ဖြင့် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါသည်။

ထိုချိန်တွင်ပညာတတ်ပအိုဝ်းဆိုလျှင် မရှိသလောက်ပင်။ ပထမတော်လှန်ရေးသည် ဘိန်းသမားများကို ခေါ်စုပြီးတော်လှန်ရေး စခဲ့ရသည်ဟုလည်း ရှေးစကားပြောအရ သိခဲ့ရသည်။ ဒုတိယတော်လှန်ရေးသည် ပအိုဝ်းတိုင်းရင်းသားများစာသင်ရန် ဘုန်းတော်ကြီးကျောင်းတွင် ရဟန်းဝတ်ဖြင့် ပညာသင်ခဲ့ရသည်။ ပညာတတ်ပြီး မျိုးချစ်စိတ်ဓါတ်ပေါ်ထွက်လာကာရဟန်းလူထွက်ပြီး ဒုတိယတော်လှန်ရေးကို စတင်နိုင်ခဲ့ပေသည်။ တော်လှန်ရေးဆိုသည်လည်း လူပုဂ္ဂိုလ်နှင့်စနစ်ကို တော်လှန်ခြင်းဖြစ်ပြီး၊ လူမျိုးကို တော်လှန်ခြင်း မဟုတ်ခဲ့ပေ။ စနစ်ဆိုးကိုသာတော်လှန်ခြင်း ဖြစ်ပေသည်။

ထိုစဉ်မှပအိုဝ်းတိုင်းရင်းသားအခြေအနေသည် အောက်ကျနောက်ကျ နေခဲ့ရသော်လည်း ခေါင်းဆောင်ကောင်းဖြင့်ကြုံဆုံခဲ့ရသည့်အတွက် ပအိုဝ်းတိုင်းရင်းသားများ မျက်နှာညိုးငယ်စွာ မနေခဲ့ရပေ။ ခေါင်းဆောင်၏နိုင်ငံရေးရေချိန်သည် အလွန်မြင့်မားသောအဆင့် ရှိခဲ့သည်။ သထုံဦးလှဖေသည် သခင်အောင်ဆန်း၏နိုင်ငံရေးထက် ပိုစောပြီး ရေချိန်ပိုမြင့်ကြောင်း သိရသည်။ ထိုကြောင့် ရှမ်းပြည်စော်ဘွားများကနိုင်ငံတော်သို့ တင်သွင်းခဲ့သော ဖက်ဒရယ်မူ (သို့မဟုတ်) ရှမ်းမူသည် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်သထုံဦးလှဖေ ရေးဆွဲခဲ့သော မူဖြစ်သည်။ ၎င်းကို ဗမာလူမျိုးများမှ ဒါကို ခွဲထွက်ရေးမူဟု ကိုင်စွဲကာတိုင်းရင်းသားမျက်စိနှင့် နှားများကို လှည့်ဖျားကာ အာဏာသိမ်းသွားသည်ကို သိရှိကြမည်အမှန်ဖြစ်သည်။

ပင်လုံစာချုပ်ချုပ်ဆိုသောအချိန်တွင် ဦးလှဖေသည် KNU ကိုယ်စားလှယ် လေ့လာသူတစ်ဦးအဖြင့် လက်မှတ်ရေးထိုးခဲ့သည်ကိုယခုချိန်ထိ ဦးလှဖေ၏ ရည်ရွယ်ချက်ကို မသိရှိနိုင်ခဲ့ပေသည်။ နိုင်ငံတော်၏ နိုင်ငံရေးလှည့်ကွက်ကြောင့်ခေါင်းဆောင်ကြီး လက်နက်အပ်ခဲ့ရာ အဖမ်းခံခဲ့ရပြီး ထောင်တွင်းတွင် နှစ်ရှည်အကျဉ်းချခံခဲ့သည့်ကိုလည်းပအိုဝ်းတိုင်းရင်းသားများ နှစ်နှာမှုတစ်ခုပင် ဖြစ်သည်။ ယခင် တပ်မတော်က တာဝန်ရှိသူ ယခု NLD နာယကတစ်ဦးဖြစ်သည့်ဦးတင်ဦးကိုယ်တိုင် ယခုချိန်ထိ ပြောနေကြသေးသည်။ ပအိုဝ်းတိုင်းရင်းသားများသည် ယခင်ကလက်နက်အပ်သည်ကို သွေးရိုးသားရိုး အပ်ခဲ့ပါသည်။ ကျွန်တော်တို့လည်း နိုင်ငံရေးအရ ဆွေးနွေးရမှန်းမသိခဲ့ရှာဟု ဝန်ခံရပေမည်။

ယခုပအိုဝ်းတိုင်းရင်းသားများသည်ယခင်ကထက် ပညာတတ်များ ပေါ်ထွက်လာခဲ့သော်လည်း ပအိုဝ်းတိုင်းရင်းသားလူထု အများစုက ဒုက္ခကြုံတွေ့နေရဆဲဖြစ်ပေသည်။ စည်းလုံးမှုလည်း ပျက်ပြားလာခဲ့သည်။ ဖိနိုပ်မှုမျိုးစုံသည်လည်း ကြုံခဲ့ရပေသည်။ခေါင်းဆောင်များ၏ လျစ်လျူရှုခြင်းကို ခံခဲရသည်။ ငါလုပ်နိုင်သည် ငါစွမ်းဆောင်နိုင်သည်ဟုမိမိကိုယ်ကို အထင်ကြီးပြီး သူများခြေသလုံးကို ဖက်ထားနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ဖါးခြင်းတစ်ခုကိုသာတတ်နေသလော၊ ကိုယ့်စွမ်းကိုယ်စကို အားကိုးမှု မရှိတော့သလော အောက်မေ့ရပေသည်။

ခေါင်းဆောင်မှုနှင့်အမျိုးသားရေးသမိုင်း အစဉ်အလာကြီးမားခဲ့သော ပအိုဝ်းတိုင်းရင်းသားများသည် ယခုချိန်ထိသမိုင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့ပေသည်။ ယခင်က ဘိန်းစွဲနေသော ပအိုဝ်းတိုင်းရင်းသားကိုခေါင်းဆောင်များက သွန်သင်ပြီးတော် လှန်ရေးပုဂ္ဂိုလ်ဖြစ်သွားခဲ့ပေသည်။ သို့သော် ယခုတွင်ဘိန်းတောင်သူများ ဖြစ်နေလောက်ပြီကို ခေါင်းဆောင်များ သိရှိနေပါသလော။

ဈေးကွက်စီးပွားရေးကိုဖန်တီးပေးခြင်း မရှိသည့်အပြင် မတရားအခွန်ကောက်ခံမှုလည်း များပြားကာ ပအိုဝ်းတိုင်းရင်းသားပြည်သူလူထုများကမြေကြီးပေါ် မှောက်လျက်လဲ နေရပါသည်။ ပအိုဝ်းပြည်သူများက အသိပညာပေးပြီး ကာကွယ်ရမည်ကိုအကျင့်ပျက်ချစားမှုပြုလုပ်နေသော အစိုးရ၀န်ထမ်းများနှင့် ပေါင်းကာ လာဒ်ပေးလာဒ်ယူမှုကိုအားပေးနေသော ပအိုဝ်းခေါင်းဆောင်းတစ်ချို့လည်း ရှိနေခဲ့သည်။ ထို့ကြောင့် ပအိုဝ်းပြည်သူလူထုများသည်မတရားမှု ခံမြဲခံနေရသည်ကို အခြားတိုင်းရင်းသားများလည်း သိရှိနေပေသည်။ ရိုးအလွန်းသောပအိုဝ်းတိုင်းရင်းသားများသည် လက်တွဲချင်သောအခြားတိုင်းရင်းသားများ ၊ ကူညီချင်သော အခြားတိုင်းရင်းသားများသိရှိသော်လည်း မကူညီနိုင်ခဲ့ပေ။

ထိပ်ပိုင်းတွင်နိုင်ငံတော်သို့ ပအိုဝ်းပြည်နယ်များ တောင်းဆိုနေသော်လည်း အောက်ခြေရှိ ပအိုဝ်းတိုင်းရင်းသားပြည်သူလူထုများကစီးပွားရေးအခြေအနေကြောင့် မြေယာကိုရောင်းစားပြီး တစ်ခြားနေရာသို့ ရောက်သွားသည်ကို ဂရုမစိုက်ဘဲထိုသို့ပအိုဝ်းပြည်နယ်များရခဲ့လျှင် ဆိုင်းဘုတ်နီနီဖြင့် ကျန်ရှိနေမည်မှာ တရုတ်များဖြစ်သည်ကိုသတိထားရန် လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။

ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) |

from>>:တောင်ကြီးတိုင်းမ်

No comments:

Post a Comment