Tuesday, February 12, 2013

ဒီမိုမိတ်ဆွေပါတီများပူးပေါင်း၍ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ


 

 
ဒီမိုမိတ်ဆွေပါတီများပူးပေါင်း၍ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ ရန်ကုန် ။ ဖေဖော်ဝါရီ ၁၂ ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရန် လူမျိုးကြီးစရိုက်လက္ခဏာနှင့် ကျဉ်းမြောင်းသောလူမျိုးစွဲစိတ်ဓာတ်ကင်းရှင်းသည့် ထာဝရ ပူးပေါင်းဖွဲ့စည်းအပ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုအပေါ် အခြေခံရမည်ဖြစ်ကြောင်းဒီမိုကရေစီမိတ်ဆွေပါတီများပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်အား ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွှန့်က ကိုယ်စားပြုပြောသည်။ အဆိုပါ ထုတ်ပြန်ချက်အား ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်သော ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့၌ ပါတီများပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ၊ YWCA ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနား၌ ပါတီကိုယ်စားပြုသဘာပတိများအနက် ရခိုင်တိုင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီများမှ ပေးပို့သော သ၀ဏ်လွှာများအားအသီးသီးဖတ်ကြားခဲ့ကြောင်းသိရသည်။
from Popular Myanmar News

No comments:

Post a Comment