အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)၏ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံများအရ အရှေ့အလယ်ပိုင်း ဒေသတွင် ရေချိုရင်းမြစ်များ တစ်စထက်တစ်စ ရှားပါး ခမ်းခြောက်လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရေချိုရင်းမြစ်များ အလွန်လျင်မြန်စွာ ပျောက်ကွယ် လာနေသည်ဟို ဂြိုဟ်တု ဓာတ်ပုံများ၏ နှိုင်းယှဉ်မှုအရ လက်တွေ့ ဖော်ထုတ်နိုင်ခဲ့ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ထောက်ပြခဲ့သည်။
(၇)နှစ်မျှ ကာလအတွင်း တူရကီ၊ ဆီးရီးယား၊ အီရတ်နှင့် အီရန်တို့တွင် တိုက်ဂရစ်နှင့် ယူဖရေးတီးစ် မြစ်များမှ အစိတ်အပိုင်းအချို့ အပါအဝင် ရေရင်းမြစ် (၁၄၄)ကုဗ ကီလိုမီတာမျှ လျော့နည်းသွားကြောင်း သိရသည်။
from Aye Chan Mon
No comments:
Post a Comment