Wednesday, February 13, 2013

နေအိမ်မီးရှို့ရာမှ ကလေးငယ်(၂)ဦး မီးလောင်သေဆုံး



၁၁-၂-၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တလိုင်း ရွာသစ်ကျေးရွာနေ ဦးမြင့်မောင်(၄၂)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး ဇနီးဖြစ်သူ မတင်မာလွင်ထံ အရက်ဖိုးတောင်းရာ မရသဖြင့် ရိုက်နှက်ခဲ့၍ မတင်မာလွင်မှာ နေအိမ်မှ ထွက်ပြေးခဲ့သည်။ ၎င်းနောက် ဦးမြင့်မောင်မှ ၎င်း၏သုံးပင်ပတ်လည် ထန်းရွက်မိုး/ကာ နေအိမ်အား မီးရှို့ခဲ့သဖြင...့် နေအိမ်မီးလောင်ရာခဲ့ရာ နေအိမ်အတွင်းရှိ သမီး မိုးမြင့်မြင့်သူ(၆)နှစ်၊ သား ချစ်သဲမောင် (၃)နှစ်တို့အား မီးလောင်နေသဖြင့် မြင့်မောင်မှ ၀င်ရောက်ခေါ်ဆောင်ရာ မြင့်မောင်မှာ မီးလောင်ဒဏ်ရာရရှိပြီး ချစ်သဲမောင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
မီးလောင်ရာသို့ ရွာသူ/သား များမှ ၀ိုင်းဝန်းငြှိမ်းသတ်ရာ ၂၂၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ ပြီး တန်ဘိုး ၃၀၀၀၀ိ/- ခန့်ဆုံးရှုံးခဲ့သည်။ ဒဏ်ရာရရှိသူ မြင့်မောင်နှင့် မမိုးမြင့်မြင့်သူအား တောင်သာ ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ မမိုးမြင့်မြင့်သူမှာ ဆေးရုံတွင်ထပ်မံသေဆုံးခဲ့သဖြင့် မြင့်မောင်အား ၀ဲလောင်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 News from:ရဲဇာနည်

No comments:

Post a Comment