Location: နယူးဒေလီ
အိန္ဒိယနိုင်ငံ၏ ကွန် ဂရက်ပါတီသည် ၂၀၁၄ ဒီမိုက ရေစီ ရွေးကောက်ပွဲတွင် အကြီး အကျယ်ရှုံးနိမ့်ခဲ့သော်လည်း ပါ တီခေါင်းဆောင်များဖြစ်သော ဆို နီယာ ဂန္ဒီနှင့် ရာဟူးလ်ဂန္ဒီတို့၏ တာဝန်ယူနုတ်ထွက်မှုကို တညီ တညွတ်တည်း ပယ်ချခဲ့သည်ဟု ကွန်ဂရက်ပါတီ ထိပ်တန်းအရာ ရှိတစ်ဦးက ပြောကြားသည်။

ကွန်ဂရက်ပါတီသည် ပါလီ မန်ရွေးကောက်ပွဲတွင် အမတ်နေ ရာ ၅၄၃ နေရာအနက် ၄၄ နေရာ
သာအနိုင်ရရှိခဲ့ပြီး ဟိန္ဒူအမျိုး သားရေးဝါဒီ ဘီဂျေပီပါတီကို အ ပြတ်အသတ်
ရှုံးနိမ့်ခဲ့သည်။ ကွန် ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနှင့် ၎င်း၏ သားဖြစ်သူ
ပါတီဒုဥက္ကဋ္ဌ ရာဟူးလ် ဂန္ဒီတို့က ရွေးကောက် ပွဲ၌ ရှုံးနိမ့်မှုကို တာဝန်ယူသည့်အ
နေဖြင့် မေလ ၁၉ ရက် ပါတီအ စည်းအဝေးပွဲတွင်
ပါတီခေါင်း ဆောင်ရာထူးမှ နုတ်ထွက်ခွင့် တင်ခဲ့ကြသည်။
သို့ရာတွင် ကွန်ဂရက်ပါတီ အလုပ်အမှုဆောင်အဖွဲ့ (CWC) က ဆိုနီယာဂန္ဒီနှင့် ရာဟူးလ်ဂန္ဒီ တို့၏ ခေါင်းဆောင်မှုအပေါ် အ ကြွင်းမဲ့ယုံကြည်သည်ဟူသော ဆုံး ဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ရာထူး မှ နုတ်ထွက်မှုကို တညီတညွတ် တည်း ပယ်ချခဲ့သည်။
ကွန်ဂရက်ပါတီအစည်းအ ဝေးမတိုင်မီ ပါတီအထွေထွေ အ တွင်းရေးမှူး ရှာကီး အာမက်က ‘‘သူတို့တွေ နုတ်ထွက်စာတင် သွင်းတယ်ဆိုရင်တောင်မှ ကျွန် တော်အပါအ၀င် CWC အဖွဲ့ဝင် အားလုံး သူတို့နုတ်ထွက်လွှာကို ချက်ချင်းပယ်ချမှာပါ’’ ဟု ရိုက် တာသတင်းဌာနအား ပြောကြား သည်။
ယခုရွေးကောက်ပွဲတွင် ရှုံး နိမ့်မှုမှာ လူတစ်ဦးတစ်ယောက် တည်း တာဝန်မဟုတ်ဘဲ ပါတီ နှင့် အစိုးရနှစ်ဖက်စလုံး၏ တာ ၀န်ဖြစ်သည်ဟု ဆိုနီယာဂန္ဒီ၏ ထိပ်တန်းလက်ထောက်တစ်ဦးက ပြောကြားသည်။
ကွန်ဂရက်ပါတီ၏ ရှုံးနိမ့်မှု သည် အိန္ဒိယစီးပွားရေး သိသိ သာသာကျဆင်းမှု၊ ကုန်ဈေးနှုန်း များ မြင့်တက်ခြင်း၊ အကျင့်ပျက် ခြစားမှု မကောင်းသတင်းများနှင့် ရာဟူးလ်ဂန္ဒီသည် ဘီဂျေပီပါတီမှ မိုဒီ၏ လောင်းရိပ်ကို မိနေခြင်း တို့ကြောင့်ဖြစ်သည်ဟု ယူဆကြ သည်။
—Ref: BBC, AFP

No comments:
Post a Comment