ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် လာမည့်ဇွန်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ Korea Expo 2014 ပြပွဲကို လေးရက်တိုင်တိုင် ကျင်းပမည်ဟုသိရသည်။
ပြပွဲတွင် ကိုရီးယားနိုင်ငံမှ Samsung၊ LG အစရှိသည့်နာမည်ကျော် အမှတ်တံဆိပ်ပေါင်း ၆၀မှ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ပြသသွားမည်ဖြစ်ကြောင်း
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် စီစဉ်သူ Logic Myanmar မှ ဦးထင်အောင်ထွန်းကပြောသည်။
Korea Expo ပြပွဲသည် ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိသည့် ပြပွဲတစ်ခုဖြစ်ပြီး ယမန်နှစ်က ပြုလုပ်ခဲ့သောပွဲမှာ အထူးအောင်မြင်ခဲ့သည်ဟုဆိုသည်။
ယခုနှစ်တွင်လည်း ယခင်နှစ်များထက် ပိုမိုထူးခြားကောင်းမွန်စေရန် စီစဉ်ထားပြီး ဤပွဲကို Logic Myanmar ၊ Korea Embassy နှင့် KOTRA အဖွဲ့အစည်းတို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ခိုင်သဇင်ဦး
Popular Myanmar News Journal

No comments:
Post a Comment