Tuesday, May 20, 2014

ထားဝယ်တွင် ဆက်သွယ်ရေးလိုင်း ခက်ခဲ၍ တန်ဖိုးနည်းဆင်းမ်ကတ်ပြန်ရောင်းသူများလာ



ဧပြီလအတွက် တန်ဖိုး နည်းဆင်းမ်ကတ်ခွဲတမ်းကို တိုင်းဒေသကြီးအတွင်း ထားဝယ်ခရိုင် တစ်ခုတည်း ဖြန့်ဝေပေးခဲ့၍ ကျေးရွာများတွင် ခွဲတမ်းရရှိမှုများလာသော်လည်း ဆက်သွယ်ရန်လိုင်း အခက်အခဲကြောင့် ပြန်လည် ရောင်းချသူ  များနေကြောင်း သ တင်းရရှိသည်။
တိုင်းဒေသကြီးခွဲတမ်းတွင် WCDMA အမျိုးအစား ၇၀၀ ကတ်နှင့် CDMA 800 MHz အမျိုးအ စား ၆၀၀၀ ကတ်ကို မေလတွင် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
‘‘ပင်စင်စားတွေအတွက် WCDMA အမျိုးအစားကို ရောင်း ပေးခဲ့ပြီး ဒေသခံတွေ CDMA
အဖြစ် မေလအစပိုင်းလောက်က ခွဲတမ်းပေးခဲ့တာပါ’’ဟု ခွဲတမ်းချ ထားရေးတာဝန်ခံ ကိုစိုးမိုးကျော် ကပြောသည်။ ထားဝယ်တွင် ပင်စင်စား ၃၈၂ ဦးသာရှိပြီး မြို့ ပေါ်ရပ်ကွက်တစ်ခုလျှင်   ကတ် ၃၀၀ နှင့် ကျေးရွာတစ်ရွာလျှင် CDMA 800 MHz ကတ် ၇၀ စီရောင်းချပေးခဲ့သည်။ အချို့ကျေး ရွာများတွင် ယခုရက်ပိုင်းမှသာ ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ကျေးရွာများတွင် ယခင်ကဆင်းမ်ကတ်ကတ် ၂၀ ၀န်းကျင် သာရရှိလေ့ရှိပြီး  ယခုခွဲတမ်း၌ အရေအတွက်များစွာ ရရှိခဲ့သော်လည်း CDMA 800 MHzကတ်များမှာ ထားဝယ်မြို့ပေါ် တွင်သာ လွယ်ကူစွာ ဆက်သွယ်နိုင်သဖြင့် ဆင်း မ်ကတ်တစ်ခုလျှင် တစ်သောင်းကျပ်   ၀န်းကျင်ဖြင့် မြို့ပေါ်ရပ်ကွက်နေသူများထံ ပြန် လည် ရောင်းချနေကြကြောင်း သိရသည်။
‘‘ရွာဘက်မှာက GSM လိုင်း တွေပဲ အဆင်ပြေတယ်။ ဒါကြောင့်ပြန်ရောင်းလိုက်တာပါ’’ ဟု ထားဝယ်မှ လေးမိုင်ခန့်သာ ဝေးသော သပြေချောင်းကျေးရွာ က ဒေသခံတစ်ဦးကပြောသည်။
အချို့ဒေသခံများမှာ ထည့် သွင်းအသုံးပြုမည့် ဟန်းဆက် အခက်အခဲကြောင့် အသုံးမပြု ကြကြောင်း သိရသည်။ ထားဝယ် တွင် GSM နှင့် WCDMA ကတ် များမှာ ပြင်ပဈေးကွက်တွင် ကျပ် တစ်သိန်းခန့်ရှိနေသည်။
တိုင်းဒေသကြီးတွင် GSM တိုင် ၃၄ ခု၊ WCDMA တိုင် ၆ ခု၊ CDMA 450 MHz တိုင် ၁၉ ခုနှင့် CDMA 800 MHz တိုင် ၄ ခုသာ တပ်ဆင်ထားသည်။
တိုင်းဒေသကြီးတွင် GSM တာဝါတိုင် ၂၅ခုထပ်မံတိုးချဲ့နေ ပြီး ယခုနှစ်ဖေဖော်ဝါရီလအထိ တပ်ဆင်ပြီးသော အရေအတွက် စုစုပေါင်းမှာ  တိုင်းဒေသကြီး လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင် နှုန်းအတွက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

7Day Daily
 


 

No comments:

Post a Comment