Tuesday, May 20, 2014

ကလေးမြို့နယ်တွင် ရေနံစိမ်းတူးဖော်ရရှိမှု သိသာစွာ လျော့နည်းကျဆင်း

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရေနံစိမ်းတူး ဖော်ထွက်ရှိသောနေရာများတွင် ယခင်က တစ်ရက်လျှင် အနည်း ဆုံးတစ်ပီပါထွက်ရှိသော ရေနံ မှော်များသည် ယခုအခါ ဂါလန် အရေအတွက်သာ ထွက်ရှိတော့ သည်အထိ ရေနံစိမ်းတူးဖော်ရရှိမှု လျော့နည်းလာကြောင်း ရေနံလုပ် သားများထံမှ သတင်းရရှိသည်။ ကလေးမြို့နယ်အတွင်း ရေနံစိမ်း အများဆုံးထွက်ရှိသော (မှော်ကိုး မှော်)ရေနံမှော်မှာ စုစုပေါင်း ၂၀ ကျော်ရှိသည်။
အဆိုပါမှော်များသည် မိုးရာ သီအတွင်း တစ်ရက်လျှင် ပီပါ အလုံး ၃၀ အထိ ထွက်ရှိသော မှော်များရှိသလို တစ်ရက်လျှင် တစ်ပီပါသာတူးဖော်ရရှိသော ရေနံကျင်းများလည်း  ရှိသည်။ သို့သော် ယခုအခါ အဆိုပါမှော် များသည် တစ်ရက်လျှင် သုံးဂါလန်၊ လေးဂါလန်ခန့်သာ ထွက်ရှိပြီး ထွက်ရှိမှုနှုန်းတဖြည်းဖြည်းလျော့ နည်းလာခဲ့ သည်။
‘‘အခုကတော့ ရေနံမှော် တိုင်း တစ်ရက်ကို ဂါလန်လောက် ပဲ တူးဖော်ရရှိတော့တယ်။  ကျွန် တော်တို့ဒေသမှာရှိတဲ့      မြေ အောက်ရေနံသဘောတရားက အိုင်တစ်ခုပုံစံမျိုးပဲရှိတယ်။ အဲဒီ
အိုင်ထဲကို ဝိုင်းပြီးတူးဖော်ကြတဲ့ အခါမှာ ရေနံစိမ်းထွက်ရှိမှု တဖြည်းဖြည်းလျော့နည်းလာတယ်။ နောက်ထပ် နေရာအသစ်လည်း ရှာဖွေမတွေ့ရှိသေးတာလည်း ပါတာပေါ့’’ဟု ရေနံလုပ်သားတစ်ဦး ဖြစ်သူ   ကိုတောကျော်က   ပြော သည်။
ကလေးမြို့နယ်အတွင်းရှိ ရေနံစိမ်းတူးဖော်ရရှိသော မှော် များမှာ ကျောက်ခုတ်မှော်၊ ဝါပိုး မှော်၊ ကြားမှော်၊ ခရစ်မှော်၊ လုံး ဖုန်းမှော်၊ ကိုင်းချောင်းမှော်၊ ဒန့် တင်မှော်၊ နန့်စလိမ်မှော်၊ ငရံ့ ချောင်းမှော်၊ ကြေးအိုးကွဲမှော်၊ ငချဉ်မှော်၊ ချောင်းကျဉ်းမှော်၊ ကျောက်ကာမှော်၊ လေသာ တောင်မှော်၊ ဥယျာဉ်မှော်၊ ဒိုးနွယ် မှော်၊ အင်းတင်မှော်၊ ရွှေပြည်သာ မှော်၊ အောင်ချမ်းသာမှော်၊ ကျောက်ကြီးမှော်၊ ချယ်ရီရိုးမမှော်၊ မြအိုးစည်မှော်၊ ကျောက်ခွပ်မှော်၊ ရေနံချောင်းမှော်များဖြစ်ကြသည်။ အဆိုပါမှော်များတွင် လူဦးရေ ၅၀၀ ကျော်နေထိုင်တူးဖော်ကြ သော ရေနံမှော်ငါးခုရှိသည်။
7Day Daily

No comments:

Post a Comment