ကလေးမြို့မှ
မန္တလေးမြို့ သို့ ထွက်ခွာလာသည့် ထွန်း တောက်ခရီးသည်တင်မှန်လုံ ယာဉ်ကို မေ
၁၉ ရက်နံနက် ၄ နာရီအချိန်တွင် သတင်းအရ ရှာဖွေစစ်ဆေးရာ
ဆူဒိုဖက်ဒရင်းဆေးပြားလေးသိန်းလေးသောင်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်း
ရရှိသည်။
အဆိုပါခရီးသည်တင်မှန်လုံ ယာဉ်၏ ဆီတိုင်ကီနှင့် ဘက်ထရီ အခန်းကြား၌ အံဝှက်ပြုလုပ်ကာ သိုဝှက်ထုပ်ပိုးထားသည့် အဖြူ ရောင်ဆေးပြားလေးသိန်းကျော် (ခန့်မှန်းတန်ဖိုးကျပ်သိန်း ၄၄၀ ခန့်)အား ပီနံအိတ်ဖြင့် ထည့်လျက်သယ်ဆောင်လာသည်ကို သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များ၏ ထွက်ဆိုချက်အရ မေ ၁၇ ရက်တွင် ကလေးမြို့၊ တာ
ဟန်းရပ်ကွက်နေ ချင်းလူမျိုး ကျင်းပူ(ခ) ကပ်ဇကျင်(ခ) သော် ဇင်ဦးဆိုသူက အဆိုပါမူးယစ် ဆေးဝါးများ မန္တလေးမြို့သို့ ပို့ ဆောင်ပေးရန် သယ်ဆောင်ခ ကျပ်သုံးသိန်းဖြင့် ကလေးမြို့ ထွန်းတောက်ကားဂိတ်၌ အပ်နှံခဲ့ ခြင်းဖြစ်သည်။ ယင်းမူးယစ် ဆေးဝါးများကို မန္တလေးမြို့၌ ခံပူ (ခ) မွန်ပီးဆိုသူမှ လာရောက်ယူ ဆောင်မည်ဟု ဆိုသဖြင့် သက် ဆိုင်ရာမူးယစ်တပ်ဖွဲ့မှ စုံစမ်းစစ် ဆေးလျက်ရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဆေးပြားများ သယ်ဆောင်လာ သည့် ထွန်းတောက်ခရီးသည် တင်ယာဉ်လိုင်းမှ တာဝန်ရှိသူ သုံးဦးကို မုံရွာမြို့နယ် အမှတ် (၂) နယ်မြေရဲတပ်ဖွဲ့စခန်းက အ ရေးယူထားကြောင်း သတင်းရရှိ သည်။
7Day Daily

No comments:
Post a Comment