Friday, June 6, 2014

မြန်မာ့ဇီဝမျိုးစိတ်သစ်လေးမျိုး ကမ္ဘာ့မျိုးစိတ်သစ်အဖြစ် မှတ်တမ်းဝင်

မဟာမဲခေါင်တစ်ဝှမ်း ဇီဝမျိုးစုံမျိုးကွဲများကို ၂ နှစ်အ တွင်း မျိုးစိတ်အသစ် ပြုစုခဲ့ရာ မြန်မာနိုင်ငံ၌ မျိုးစိတ်ပေါင်း ၂၆ မျိုးတွေ့ရှိရပြီး ယင်းတို့အနက်မျိုး စိတ်လေးခုမှာ အလွန်ထူးခြား ဆန်းပြားပြီး ကမ္ဘာပေါ်တွင် တွေ့ ရခဲသည်ဟု WWF မှ သတင်းရရှိ သည်။
ထူးခြားဆန်းပြားသည့် မျိုး စိတ်လေးခုကို မြန်မာနိုင်ငံပိုင် နက် ဘင်္ဂလားပင်လယ်အော်၊ ရခိုင်ရိုးမ၊ ဧရာဝတီမြစ်နှင့် တန င်္သာရီတောင်တန်းများတွင် တွေ့ ရှိခဲ့ရခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်၌ အကြေးခွံတစ်ခုစီတွင် ထူးခြား ရှုပ်ထွေးသော ၀င်္ကပါပုံစံအမှတ် အသားပါ နဂါးငါး၊ ရခိုင်ရိုးမ တိမ် တိုက်တောများတွင် ချင်းပင်မျိုး စိတ်၊ ဧရာဝတီမြစ်တွင် လည် ပင်း၌ ထူးခြားသည့် မီးတောက် သဏ္ဌာန်စုပ်ခွက်ရှိသော ငါးခူနှင့် တနင်္သာရီတောင်တန်းများရှိ အဖု များပါရှိသည့် ချောကလက်ရောင်
အရေပြားနှင့် ရှည်မျောသော ခြေလက်များပါရှိသည့် ချောင်း ဖားတို့ဖြစ်သည်။
မြန်မာနိုင်ငံတွင်တွေ့ရှိရ သော မျိုးစိတ် ၂၆ မျိုးတွင် အပင် မျိုးစိတ် ၁၄ မျိုး၊ ငါးမျိုးစိတ် ၇ မျိုး၊ ကုန်းနေရေနေသတ္တ၀ါ ၄ မျိုး နှင့် တွားသွားသတ္တ၀ါမျိုးစိတ်  ၁ မျိုးတို့ပါဝင်ကြောင်း သတင်းရရှိ သည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် တွေ့ရှိရသည့် တောက်ပသော အရောင်များရှိသည့် ကြေးနီ ကျောပြင် မြွေမျိုးစိတ်သစ်တစ် မျိုးကို မြန်မာနှင့် ထိုင်းနိုင်ငံနယ် စပ်တွင် တွေ့ရှိရပြီး ဖားပျံတစ် ကောင်ကို မျိုနေစဉ် တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
‘‘အဲဒီမျိုးစိတ်တွေ ရှာဖွေ တွေ့ရှိနိုင်ခြင်းဟာ မဟာမဲခေါင် ဟာ ကမ္ဘာရဲ့ ဇီဝမျိုးကွဲပေါများ ကြွယ်ဝဆုံးတစ်ခု ဖြစ်ကြောင်း အတည်ပြုပေးတယ်’’ ဟု WWF မြန်မာ၏ ထိန်းသိမ်းရေးစီမံကိန်း မန်နေဂျာ မစ်ရှဲလ်အိုဝင်က ပြောကြားသည်။
မျိုးစိတ်သစ်များကို ကုန်း မြင့်ပိုင်း အမြဲစိမ်းတောများတွင် အများအားဖြင့် တွေ့ရှိရသဖြင့် အဆိုပါ ကုန်းမြင့်သစ်တောများ ကို ဆက်လက်စူးစမ်းလေ့လာရန် နှင့် ဇီဝမျိုးကွဲပေါကြွယ်ဝသည့် နေရာများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း မစ္စအိုဝင်ကပြောကြားခဲ့သည်။
WWF အဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် မဟာမဲခေါင်မြစ်ဝှမ်း လွင်ပြင်အတွင်းပါဝင်သည့် အ ခြားအာဆီယံဒေသတွင်း နိုင်ငံ များ၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခု နှစ်အတွင်း သုတေသနပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး မဟာမဲခေါင်မြစ်ဝှမ်း အတွင်း မျိုးစိတ်သစ်ပေါင်း ၃၄၆ မျိုးတွေ့ရှိသည်။ မျိုးစိတ်၃၄၆ မျိုးအနက် မြန်မာနိုင်ငံတွင် မျိုးစိတ် သစ် ၂၆ မျိုးကို မှတ်တမ်းတင်နိုင် ခဲ့သည်။
WWF အဖွဲ့သည် ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ အသစ် ပြန်လည်ဖြစ်ထွန်းနိုင် သည့် သဘာဝ သယံဇာတများရေရှည် တည်တံ့ခိုင်မြဲစေခြင်းနှင့် ညစ်ညမ်းမှုများ၊ ပြုန်းတီးမှုများကို လျော့ကျလာစေရန် ထောက်ပံ့ ကူညီသည့်အဖွဲ့ဖြစ်သည်။ နိုင်ငံ ပေါင်း ၁၀၀ ကျော်တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး အလှူရှင်ပေါင်း ငါးသန်းကျော်က ထောက်ပံ့ကူညီ ထားသည့်အဖွဲ့လည်းဖြစ်သည်။
from>>7Day Daily

No comments:

Post a Comment