Sunday, June 8, 2014

နှမ်းဆီစစ်စစ်ဈေးကွက်တွင် မရနိုင်တော့ဟုဆို

နှမ်းဆီစစ်စစ်ကို စားသုံး ဆီအရောင်းဆိုင်များတွင် မရနိုင် တော့ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ် သူများအသင်း ဥက္ကဋ္ဌဒေါက်တာ သက်မှူးက ပြောကြားသည်။
တရုတ်နိုင်ငံမှ မြန်မာနှမ်း စေ့များကို ဈေးကြီးပေးဝယ်နေ သဖြင့် စိုက်ပျိုးသည့် တောင်သူ များထံပွဲစားနှင့် ကုန်သည်များက သွားရောက်ဝယ်ယူကာ ဆီကြိတ် ခွဲသည့် ဆီစက်များထံ လုံးဝမပို့ တော့ဘဲ တရုတ်နိုင်ငံသို့သာတိုက် ရိုက်တင်ပို့ကြသည်ဟု ဆီစက်ပိုင် ရှင်တစ်ဦးက ပြောသည်။
ထို့အပြင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီ
များက ဈေးနှုန်းသက်သာသဖြင့် မြေပဲဆီနှင့် ဈေးနှုန်းချင်းယှဉ်ပြိုင် ကာ မရောင်းနိုင်တော့၍ ဆီစက် များက မကြိတ်ခွဲတော့ခြင်းဖြစ် သည်ဟု ဆိုသည်။
‘‘ဆီစက်တွေမှာ နှမ်းဆီကို မကြိတ်တော့ဘူး။ ဘာကြောင့် လဲဆိုတော့ စားအုန်းဆီက ဈေးချိုတော့ ယှဉ်မရောင်းနိုင်တော့ဘူး။ အရင်တုန်းကတော့ စားအုန်းဆီကို ပဲဆီနဲ့ရောတဲ့အခါ အချိုးအစားအလိုက် နှုန်းတွေရှိတယ်။ အခုတော့ မလိုတော့ဘူး။ အိန္ဒိယတို့၊ စင်ကာပူတို့ကလာတဲ့ ဆီအနံ့ကို ပင်နီဆီလင်တစ်လုံး စာလောက်ရောလိုက်ရုံနဲ့ လိုချင်တဲ့ဆီဖြစ်သွားပြီ’’ ဟု ဒေါက်တာ သက်မှူးက ပြောသည်။
ထို့ကြောင့် ဆီသန့်သန့်ကို ကြိုက်နှစ်သက်သူများအတွက် ကိုယ်တိုင် မြေပဲနှင့် နှမ်းကိုဝယ် ကြိတ်ပြီး စားသုံးနိုင်ရန် အိမ်တွင်း သုံးဆီကြိတ်စက်များလည်း ဈေး ကွက်ဝင်လာပြီး အွန်လိုင်းမှ ကျပ်ဆယ်သိန်းခန့်ဖြင့် ရောင်းချမှုများ ရှိလာသည်။
‘‘မြေပဲဆီ စစ်စစ်ရှိတယ်။ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ ရောင်း နေတယ်ဆို ရောထားတာပဲ။ အစစ်က ၃၅၀၀ လောက်မှ ရောင်းနိုင်မှာ။ နှမ်းဆီအစစ်ကတော့ အရင်းတင် ၅၄၀၀ ကျော် တယ်။ တစ်ပိဿာ ၆၀၀၀ လောက်နဲ့ ရောင်းမှဖြစ်မှာ။ နှမ်းဆီဆိုပြီး တစ်ပိဿာ ၄၀၀၀ လောက်နဲ့ ရောင်းနေတယ်ဆို မြေပဲဆီနဲ့ ရောရောင်းနေတာပဲ။ စစ်၊ မစစ် သိချင်ရင်တော့ UMFCCI ရုံ ခုနစ်လွှာက ဓာတ်ခွဲခန်းမှာ ဆီတစ်မျိုးကို ငါးသောင်းပေးပြီး စစ်ဆေးလို့ရတယ်’’ ဟု ဇွဲအာမခံပဲ ဆီသန့်၊ နှမ်းဆီသန့်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
7Day Daily

No comments:

Post a Comment