ရန်ကုန်-
ယာဉ်ကြောပိတ်ဆို့မှု များသော မြို့ကြီးများတွင် ယာဉ် စီးရေတိုးပွားမှု
ထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံး တစ်ပြေးညီကောက် ခံနေသော
ယာဉ်မှတ်ပုံတင်နှုန်း ထားများကို ယာဉ်များသည့်မြို့ အပေါ် မူတည်ကာ
အုပ်စုခွဲခြား ကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား
မှုဦးစီးဌာနမှ သတင်းရရှိသည်။
ယာဉ်စီးရေ များပြားသော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို အုပ်စုအမှတ်(၁) ဟု သတ်မှတ် မည်ဖြစ်ပြီး
အလယ်အလတ်အ ဆင့် ယာဉ်စီးရေရှိသော ပြည် နယ်နှင့် တိုင်းများကိုအုပ်စုအမှတ် (၂)နှင့် ယာဉ်စီးရေအနည်းဆုံးရှိ သော ပြည်နယ်နှင့်တိုင်းများကို အုပ်စု(၃)အဖြစ်သတ်မှတ်၍ ခွဲ ခြားကောက်ခံသွားမည်ဖြစ်သည်။ ယာဉ်စစ်ဆေးခနှုန်းထားများကို မူ အုပ်စုခွဲခြားခြင်းမရှိဘဲ တစ်ပြေး တည်း ကောက်ခံသွားမည် ဖြစ် သည်။ မော်တော်ယာဉ်တင်သွင်းမှုစတင်ခဲ့သော ၂၀၁၁ ခုနှစ် စက် တင်ဘာမှစကာ ယခုနှစ်မေလ ကုန်အထိ စာရင်းများအရ ယာဉ် စီးရေ တစ်သိန်းနှစ်သောင်းကျော် ခန့် တိုးတက်လာပြီး အများစုမှာ ရန်ကုန်မြို့တွင်သာ ရှိနေကြောင်း အဆိုပါဌာနကဆိုသည်။
ထိုသို့ကောက်ခံရာတွင် အာ ဆီယံနိုင်ငံများ၌ ကောက်ခံသော နှုန်းထားများကိုလေ့လာကာ သင့်တော်သည့်နှုန်းထား သတ်မှတ်ချက်များဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဌာနကဆိုသည်။ ကောက်ခံရာတွင် မော် တော်ဆိုင်ကယ်၊ ကိုယ်ပိုင်ယာဉ် ငယ်၊ ကိုယ်ပိုင်ယာဉ်ကြီးနှင့် အငှားယာဉ်ငယ်၊ အငှားယာဉ်ကြီးဟူ၍ ယာဉ်အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံမည်ဖြစ်သည်။
‘‘အရင်ကထက် နှစ်ဆလောက် မြင့်သွားတယ်’’ ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
7Day Daily

No comments:
Post a Comment