Thursday, June 12, 2014

တက္ကသိုလ်ဆရာ၊ ဆရာမများ နေရာအပြောင်းအရွှေ့ အချင်းချင်းအမှတ်ပေးစနစ် ကျင့်သုံးမည်

တက္ကသိုလ်၊ကောလိပ် များရှိ ဆရာ၊ ဆရာမများ၏ နေရာ ဒေသ အပြောင်းအရွှေ့အတွက် တက္ကသိုလ်ဆရာ၊ ဆရာမအချင်း ချင်းအပြန်အလှန်အမှတ်ပေးကြ ရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သတင်းရရှိ သည်။
ဆရာ၊ ဆရာမများ၏ အ ရည်အချင်းများအကဲဖြတ်ချက်ဟူ သော ခေါင်းစဉ်ဖြင့်အချက် (၁၀) ချက်ကို ဖြန့်ဝေထားပြီး ဆရာ၊ဆ ရာမအချင်းချင်း အပြန်အလှန်အ
မှတ်ပေးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
‘‘ကိုယ်မဟုတ်တဲ့ တခြားဆ ရာ၊ ဆရာမတွေအပေါ် အမှတ် ပေးခိုင်းတယ်။ စုပေါင်းရမှတ်ကို မူတည်ပြီး ပါချုပ်က ထပ်အမှတ် ပေးမယ်။ Transfer (နေရာအ ပြောင်းအရွှေ့) အတွက်လို့ပြော တာပဲ’’ဟု တက္ကသိုလ်ဆရာမတစ် ဦးကပြောသည်။
ဆရာ၊ ဆရာမများ၏ အ ရည်အသွေးနှင့် အကဲဖြတ်အမှတ် ပေးရာတွင် တာဝန်ကိုလိုလားစွာ ထမ်းရွက်ခြင်း၊ လုပ်ငန်း ကျွမ်း  ကျင်ခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ လေ့လာဆည်းပူးခြင်း၊ ကြိုးစားမှု ရှိခြင်း၊ တီထွင်ကြံဆခြင်း၊ရုံးအ လုပ်၊ ရုံးစည်းကမ်းများလိုက်နာ ခြင်း၊ အများအကျိုးအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်းနှင့်ခေါင်း ဆောင်မှုပေးနိုင်ခြင်းတို့အတွက် အပြန်အလှန်အမှတ်ပေးရခြင်း ဖြစ်သည်။
‘‘ကိုယ့်ဌာနမှာ ၁၂ယောက်ရှိ ရင် ကိုယ်ကတခြား၁၁ယောက်အ တွက်ပေးရတာပေါ့။ ရာထူးတိုးအ တွက်ပါတယ်လို့တော့ မပြောဘူး။ သူတို့ဘာသာယူသုံးရင်တော့ မသိ ဘူး’’ ဟု အထက်ပါ တက္ကသိုလ်ဆရာမက ပြောသည်။
တက္ကသိုလ်ဆရာ၊ ဆရာမ များအသင်းမှ ဆရာမတစ်ဦးကဆရာ၊ ဆရာမများအား အပြန်အလှန်အမှတ်ပေးသောစနစ်သည် ကောင်းမွန်သော်လည်း လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု မရှိသေးကြောင်း သုံးသပ်ပြောဆို သည်။
 ‘‘လုပ်တော့  လုပ်သင့်ပါ တယ်။ ဒါပေမဲ့ အချိန်မဟုတ်သေး ဘူး။ နောက်ပြီးလုပ်ပုံ၊လုပ်နည်း လည်းမမှန်ဘူးလို့ထင်တယ်။အခု က ကျောင်းတွေလည်းလွတ်လပ် ခွင့် မရသေးဘူး။ ကျောင်းတွေကို လွတ်လပ်ခွင့်ပေးပြီးတော့မှ ကိုယ်ကြိုက်တဲ့ကျောင်းရွေးချယ် လျှောက်ထားတဲ့စနစ်လုပ်ရမှာပါ။ အခုက ပုံမှန်အတိုင်းပဲ နယ်က လူနဲ့ ရန်ကုန်ကလူကို သမာသ မတ်ရှိရှိနေရာရွှေ့ပေးသင့်တယ်’’ ဟု ၎င်းကပြောသည်။
ယခင်အစိုးရလက်ထက်က တက္ကသိုလ်ဆရာ၊ဆရာမများနေ ရာဒေသရွှေ့ပြောင်းရာတွင်ဘက် လိုက်မှုများရှိသလို ငွေကြေးပေး ၍ မိမိနေလိုသောဒေသသို့ ရွှေ့ ပြောင်းသောအခြေအနေများဖြစ် ပေါ်ခဲ့ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအ၀ိုင်းမှ သိရသည်။
7Day Daily

No comments:

Post a Comment