Sunday, June 8, 2014

မကွေးတိုင်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၄၈ ဘီလီယံကျော်ရရှိ

မကွေးတိုင်းဒေသကြီး အတွင်း ၂၀၁၄ ဘဏ္ဍာနှစ် မိုးရာသီဘဏ်စိုက်ပျိုး စရိတ်ချေးငွေ ကျပ် ၂၈ ဘီလီယံကျော်ရရှိကြောင်း တိုင်းစိုက်ဘဏ်မန်နေဂျာဦးသန်းလင်းအောင်က ပြောသည်။
‘‘ရုံးချုပ်ကလည်း ငွေထုတ် ကန့်သတ်ချက်ရပါပြီ။ တိုင်းစိုက် ဝန်ကြီးဆီကလည်း ဖုန်းဆက်ပါ တယ်။ ခွင့်ပြုချက်ရပါပြီ။ မြို့နယ် တွေကို ရန်ပုံငွေခွဲတမ်းသတ်မှတ် ပြီးပြီ။ မြို့နယ်အချို့ကလည်း စာရင်းဇယားတွေအဆင်သင့်ဖြစ် နေပြီဆိုတော့ ဝန်ကြီးချုပ်ခွင့်ပြု ချက်ရတာနဲ့ ဒီနေ့ပဲ
ထုတ်ပေး တော့မှာပါ’’ဟု ဇွန်လ ၅ ရက်တွင် တိုင်းစိုက်ဘဏ်မန်နေဂျာ ဦးသန်း လင်းအောင်က ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ မှာ နှစ်စဉ်နီးပါး ဇွန်လကုန်နှင့် ဇူလိုင်လဆန်းပိုင်းရက်များတွင် သာ မြို့နယ် စိုက်ဘဏ်များမှ ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် အတွက်လည်း အဆိုပါရက်များ ၌ပင် ထုတ်ချေးပေးနိုင်တော့မည့် အခြေအနေဖြစ်သည်။
‘‘စိုက်ဘဏ်ချေးငွေရတာက စိုက်ချိန်ထက်တော့ အမြဲနောက် ကျပါတယ်။ ချေးငွေပြန်ဆပ်မှု အပေါ် မြန်မမြန်၊ မှန်မမှန်အပေါ် မှာကြည့်ပြီးတော့ ပြန်ချေးပေး တာလို့သိရတယ်’’ဟု အောင်လံ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုမှ ဘဏ်ချေးငွေအတွင်းရေး မှူးတစ်ဦးက ပြောသည်။
ကျေးရွာများသို့ ဘဏ်ချေး ငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ အောင်လံမြို့နယ် စိုက်ဘဏ်မန် နေဂျာ ဦးကြိုင်အေးကလည်း ကျေးရွာအုပ်စုများ၏ ဘဏ်ချေး ငွေပြန်လည်ပေးဆပ်မှုမှန်ကန် ခြင်းအပေါ်တွင်မူတည်၍ ဦးစား ပေးထုတ်ပေးကြောင်းလည်း ပြီးခဲ့ သည့်နှစ်က မီဒီယာများနှင့် တွေ့ ဆုံရာတွင် ပြောကြားထားသည်။
7Day Daily

No comments:

Post a Comment