Thursday, June 12, 2014

ဧဒင်အုပ်စုပိုင် ဟိုတယ်များ ဟီလ်တန်အမည် ပြောင်းဖွင့်လှစ်မည်

နေပြည်တော်ရှိ နိုင်ငံတော်ဧည့်ဂေဟာ အပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ အဓိကသွားရောက်လည်ပတ်သော ဒေသများရှိ ဧဒင်ကုမ္ပဏီအုပ်စုပိုင် သင်္ဂဟဟိုတယ်များကို ကမ္ဘာကျော် အမေရိကန်ဟိုတယ် ဟီလ်တန်(Hilton)အမည်ဖြင့် လာမည့် အောက်တိုဘာတွင် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဧဒင်ကုမ္ပဏီနှင့် ဟီလ်တန်ကုမ္ပဏီတို့ကြား စီမံခန့်ခွဲမှု သဘောတူလက်မှတ်ရေးထိုးခြင်းကို ဇွန်လ ၁၁
ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော်ဧည့်ဂေဟာ သင်္ဂဟဂါးဒင်း ဟိုတယ်နှင့် ငပလီကမ်းခြေရှိ သင်္ဂဟ ငပလီဟိုတယ်တို့အား လာမည့် အောက်တိုဘာတွင် ဟီလ်တန်နေ ပြည်တော်နှင့် ဟီလ်တန်ငပလီတို့အဖြစ် နာမည်ပြောင်းလဲ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟီလ်တန်ကုမ္ပဏီအုပ်စုမှ စီမံခန့်ခွဲမှုပိုင်း တာဝန်ယူမည်ဖြစ်သည်။
ထို့အပြင် ဧဒင်ကုမ္ပဏီအုပ်စုက တည်ဆောက်လျက်ရှိသော ပုဂံ၊ မန္တလေးနှင့် အင်းလေးဒေသရှိ ဟိုတယ်များအား လေးနှစ်အတွင်း ဟီလ်တန်အမည်ဖြင့် ပြောင်းလဲ ဖွင့်လှစ်သွားမည်ဟု ဧဒင်ကုမ္ပဏီအကြီးအကဲ ဦးချစ်ခိုင်က ပြောသည်။
‘‘နေပြည်တော်၊ ငပလီ၊ ပုဂံ၊ မန္တလေးနဲ့ အင်းလေးတို့မှာရှိလာမယ့် ဟီလ်တန်နာမည်နဲ့ ဟိုတယ်ငါးခုကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံပေါ်မှာ ကျွန်တော်တို့ ဘယ်လောက်စိတ်ဝင်စားပြီးလုပ်သလဲဆိုတာ ထင်ပေါ်စေမှာဖြစ်ပါတယ်’’ ဟု ဟီလ်တန် (World Wide) အရှေ့အလယ်ပိုင်းအာရှ  နှင့် အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာအင်ဒရူးကလောက်ဖ်ကပြောသည်။
ဟီလ်တန်(World Wide)ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဟိုတယ် ၄,၁၀၀ ကျော်အား စီမံခန့်ခွဲလျက်ရှိသော ကုမ္ပဏီကြီး ဖြစ်သည်။
7Day Daily

No comments:

Post a Comment