Friday, June 6, 2014

ရာသီအကူးအပြောင်းဖျားနာသူများလာ

ယခုရက်ပိုင်းအတွင်း ရာသီအကူးအပြောင်းကြောင့် ဖျားနာ၍ လာရောက်ပြသသည့် လူနာများမှာ အခြားရောဂါဝေဒ နာရှင်များထက် ပိုမိုများပြား လျက်ရှိကြောင်း ရန်ကုန်မြို့တွင်း ရှိ ဆေးခန်းအချို့မှ သတင်းရရှိ သည်။
‘‘ဆေးခန်းလာတဲ့ သူတွေ ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ဖျားနာတဲ့ သူတွေချည်းပဲ အဲဒီထဲ မှာ ကလေးတွေပါပါတယ်။ ကလေးတွေက ကိုယ်ခံအားနည်း လို့ ပိုနေမကောင်းဖြစ်နိုင်တယ်။ အဓိကက ငယ်ထိပ်ကို မိုးမမိစေ နဲ့၊ မိုးမိရင်လည်း ခြောက်အောင် သုတ်ကြဖို့ လိုတယ်’’ဟု ပွိုင့်- ၂၉ ဆေးခန်းမှ အထွေထွေရောဂါအ ထူးကုဆရာဝန်ကြီးဒေါက်တာ စိုး မင်းက အကြံပြုပြောသည်။
ယင်းဆေးခန်းအချို့သို့ လာပြသူဦးရေ ၁၀၀ လျှင် ဖျားနာ၍ ရောက်ရှိလာသူမှာ ၆၀  ရှိနေခြင်းကြောင့်
သုံးပုံနှစ်ပုံခန့်မှာ ဖျားနာခြင်း ဝေဒနာခံစားနေရသည်ဟု ဆေးခန်းအချို့မှ ဆရာဝန်ကြီးများကဆိုသည်။
ဖျားနာရခြင်း၏ အကြောင်း  ရင်းများမှာ ရာသီဥတုအပြောင်းအလဲဖြစ်ခြင်း၊ တုပ်ကွေး ကဲ့သို့သော ဖျားနာစေသည့် ဗိုင်းရပ်စ်ပိုးအချို့ ခန္ဓာကိုယ်တွင်း ၀င် ရောက်လာခြင်း၊ မိုးမိပြီး ရေမ ခြောက်ခြင်းတို့အပြင် အစားအ သောက်များ မသန့်ရှင်းမှုများ ကြောင့် ၀မ်းရောဂါဖြစ်ပွားပြီး ဖျားနာရခြင်းဖြစ်သည်။
‘‘ခုကလည်း မိုးရွာလိုက်၊ နေပူလိုက်နဲ့ ဆိုတော့ လူကြီးတွေလည်း ဖျားတယ်။ အသက် ငါးနှစ်၊ ခြောက်နှစ်ကျောင်းနေအရွယ် ကလေးတွေလည်း ဖျားကြတယ်။ တချို့ကျတော့ မိုးရွာထဲက ပြန် လာပြီး ရေခြောက်အောင် မသုတ် တာတို့၊ ကျောင်းကားတွေက မိုးမလုံတာတို့ကနေ အအေးပတ် ပြီး ဖျားကုန်တယ်’’ဟု ၀င်းဆေး ခန်းမှ ဒေါက်တာမြင့်ဦးကပြော သည်။
ထို့ကြောင့် မိုးမမိစေရန် ဂရုပြုနေထိုင်ရမည်ဖြစ်ပြီး မိုးရေစိုခဲ့ပါက ရေစိုဝတ်များနှင့် မနေဘဲ ခြောက်အောင်သုတ်ခြင်းနှင့်ဖျားနာပါက ဆေးကုသသင့်ကြောင်း ဆရာဝန်များက အကြံပြုသည်။
ထို့အပြင် ကလေးသူငယ် များမှာ လူကြီးများထက် ကိုယ်ခံ စွမ်းအားနည်းပါးခြင်းကြောင့် ရောဂါများ အလွယ်တကူဝင်ရောက်နိုင်ပြီး ယခုရာသီအကူး အပြောင်း၌ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ခြင်မကိုက်စေရန် ဂရုပြုနေထိုင်သင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောဆိုသည်။
7Day Daily

No comments:

Post a Comment