Thursday, June 12, 2014

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ရန် ပီအာရ်စနစ် ကျင့်သုံးမည်

၂၀၁၅ ရွေးကောက် ပွဲတွင် အမျိုးသားလွှတ်တော် အတွက် လက်ရှိကျင့်သုံးနေသည့် နိုင်သူ အကုန်ယူစနစ်မှ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးမည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲအလွန် လွှတ်တော်တွင် အလွန်ရှုပ်ထွေးလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်း ရင်းသား နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ မထောက်ခံသည့် အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ်ကို လာ မည့် ရွေးကောက်ပွဲများတွင် အ မျိုးသားလွှတ်တော်အတွက် ကျင့် သုံးရန် ရွေးကောက်ပွဲကော်မရှင် သို့ တိုက်တွန်းသည့်အဆိုကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံမဲဖြင့် ဇွန်လ ၁၁ ရက်တွင် အမျိုးသားလွှတ် တော်က
အတည်ပြုလိုက်ခြင်းဖြစ် သည်။
ပီအာရ်စနစ်ဆိုသည်မှာ မဲ ဆန္ဒရှင်များက မဲဆန္ဒနယ်တွင် ဝင် ရောက်ယှဉ်ပြိုင်သောပါတီ မည် မျှရှိစေကာမူ မဲရလဒ် အနည်းဆုံးရရှိသည့် ပါတီသည်ပင်လျှင် သတ်မှတ်မဲရာခိုင်နှုန်း (ဥပမာ ၁၀ ရာခိုင်နှုန်း (သို့မဟုတ်) ၁၅ ရာခိုင် နှုန်း)ရပါက လွှတ်တော်တွင် သတ်မှတ်သည့်အတိုင်း ကိုယ်စားလှယ် နေရာ ရရှိနိုင်မည်ဖြစ်သည်။ ဝင် ရောက်ယှဉ်ပြိုင်သည့် ပါတီအား လုံး လွှတ်တော်အတွင်း ရောက်ရှိနိုင်မည့် စနစ်ဟုလည်း ဆိုနိုင် သည်။
ယခုလွှတ်တော်၏ ဆုံးဖြတ် ချက်အရဆိုပါက စနစ်ပြောင်းလဲ ကျင့်သုံးရန် တိုက်တွန်းနေသည် မှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးရှိပြီး တိုင်းနှင့် ပြည်နယ်အားလုံး ကိုယ်စား လှယ် အရေအတွက် ၁၂ ဦးစီ ရရှိ သည့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်နေရာအတွက်သာဖြစ် နေသေးပြီး နိုင်ငံ၏ မြို့နယ် ၃၃၀ လုံးအတွက် ရွေးချယ်ရမည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွင်ပါ ပြောင်းလဲရန် ရှိ၊ မရှိကိုမူ ဆွေး နွေးမှုမရှိသေးပေ။
သို့သော် ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် လိုလားနေသည့် ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒအတိုင်း သာဆိုပါက ပြည်သူ့လွှတ်တော် တွင်လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် အဆိုတင်သွင်းလာ နိုင်ပြီး ပြောင်းလဲကျင့်သုံးနိုင်သည် ဟုလည်း နိုင်ငံရေးလေ့လာသူများ က ခန့်မှန်းထားသည်။
‘‘ပြည်နယ်တွေမှာ ဥပမာ ရှမ်းပြည်နယ်ဆိုရင် လက်နက် ကိုင်ပြီး မူးယစ်ဆေးဝါးလုပ်တဲ့သူ တွေရှိတယ်။ ပြည်သူ့စစ်တွေ လည်းရှိတယ်။ တခြား နာမည် ထုတ်ပြောလို့ မကောင်းတဲ့အဖွဲ့ တွေလည်း ရှိတယ်။ သူတို့တွေက နိုင်ငံရေးမှာ ဝင်ပါချင်တယ်ဆိုရင် အလိုအလျောက် ဝင်လာနိုင်တဲ့ အတွက် ပြည်သူတွေရဲ့ နိုင်ငံရေး ရွေးချယ်နိုင်ခွင့်ကို အများကြီး ထိ ခိုက်နိုင်တယ်’’ဟု ၉၀ ရွေးကောက်ပွဲဝင် ပါတီတစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ထို့အပြင် ပီအာရ်စနစ်သည် ပြည်သူလူထုက ပါတီကိုသာ မဲ ပေးရပြီး ပါတီက ကိုယ်စားလှယ် ကို ရွေးချယ်သည့် စနစ်ဖြစ်သည့် အတွက်လည်း ပြည်သူများ လက် ခံနိုင်သည့် ကိုယ်စားလှယ် ဖြစ်ရန်မှာ မေးခွန်းထုတ်စရာဖြစ်လာ သည်ဟု မွန်အမျိုးသားပါတီမှ နိုင် စိုးမြင့်က ပြောသည်။
‘‘အခုစနစ်က ပြည်သူက လူ ကို ကြည့်ပြီး မဲပေးတာ။ အဲဒီလူ ကတိတည်၊ မတည်ကို စောင့် ကြည့်လို့ရတယ်။ ပီအာရ်က ပါတီကို မဲပေးရတာ။ ပါတီကနေမှ ကိုယ်စားလှယ်ရွေးရတာ။ ဒီစနစ် က ပါတီတွင်းမှာ ဘယ်သူကိုယ် စားလှယ်လောင်း လုပ်မလဲဆိုတာအငြင်းအခုံဖြစ်လာနိုင်တယ်’’ဟု ပီအာရ်စနစ် ကျင့်သုံးပါက နိုင်ငံ ရေးပါတီများတွင်းနှင့် လူထုကြား တိုက်ရိုက်ဆက်သွယ်မှု ပြတ်သွား နိုင်ပုံကို ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးဇုန်လှယ်ထန်းက ပြော သည်။
ထိုသို့ လွှတ်တော်တွင်း ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် အဓိက သတိပြုစရာ အ ချက်အနေဖြင့် ပီအာရ်စနစ် အ တွက် မဲပေးခြင်းစနစ်သည်လည်း ရှုပ်ထွေးသောကြောင့် ယခုစနစ် ကိုပင် ကောင်းစွာနားမလည်သေး သည့် ပြည်သူများကို အသိပညာ ပေးရန် မလွယ်ကြောင်း တိုင်းရင်းသားပါတီများက ထောက်ပြ သည်။
‘‘ပီအာရ်စနစ်သာ ကျင့်သုံး မယ်ဆိုရင် Landslide ဆိုတာမရှိ တော့ဘူး။ အဲဒီတော့ လွှတ်တော် ထဲမှာ NLD ၆၀ ရှိရင် ကျွန်တော် တို့ ၄၀ ရှိမယ်။ တပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းလိုက် ဒေါ် အောင်ဆန်းစုကြည်က သမ္မတ ဖြစ်ဖို့ မလွယ်ဘူး’’ ဟု ပီအာရ်စနစ် တွင် NLD အနေဖြင့် အစိုးရအဖွဲ့ ကို ဦးဆောင်ပြီး ဖွဲ့နိုင်တော့မည် မဟုတ်ကြောင်း  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်  ဦးလှဆွေက  ပြောကြားသည်။
လက်ရှိ နိုင်ငံရေးအခြေအ နေအရ အချိုးကျကိုယ်စားပြုစနစ် ကို ပြောင်းလဲကျင့်သုံးရန် မသင့် လျော်သေးကြောင်း တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များက အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့သည်။
သို့ရာတွင် ကော်မရှင်သို့ စနစ်ပြောင်းလဲကျင့်သုံးရေး တိုက် တွန်းသည့်အဆိုသည် အတည် ဖြစ်ခဲ့သော်လည်း ရွေးကောက်ပွဲ စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ ကျင့်သုံးသည့် ကိစ္စသည် အလေး ထားဆောင်ရွက်ရမည့် ကိစ္စဖြစ် သည့်အတွက် အချိုးကျကိုယ်စား ပြု ရွေးကောက်ပွဲစနစ်၏ အားသာချက်နှင့် အားနည်းချက်များကို ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် များ၊ ဥပဒေ ပညာရှင်များနှင့် သဘောတူ ဆုံးဖြတ်ခဲ့သည့် ဇွန်လ ၁၁ ရက်တွင်ပင် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်သည်။
ကော်မရှင်သည် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် အကြောင်းကို ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့် တိုင်ပင် ကာ လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီ ငယ်အချို့က လွှတ်တော်တွင်း နေရာရရှိရေးဆိုသည့် ရည်ရွယ် ချက်ဖြင့် ပီအာရ်စနစ်ကို ထောက် ခံခဲ့သော်လည်း တပ်မတော်၊ တိုင်းရင်းသား၊ နိုင်ငံရေးပါတီများ၊ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စသည့် ပါတီအများစုက မ ထောက်ခံသည့်အတွက် နိုင်ငံတော်အနေဖြင့် စဉ်းစားသင့်ကြောင်းလည်း နိုင်ငံရေးပါတီများမှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
 မည်သို့ပင် အကြောင်းပြ ချက်များ ပြောစေကာမူ အဓိက ရည်ရွယ်ချက်မှာ ၂၀၁၅ တွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ်  အနိုင်ရရှိမည်ကိုကာကွယ်ခြင်းပင် ဖြစ်သည့်အ တွက် တိုင်းရင်းသားများ ကျေနပ် စေရန် ပြည်နယ်များတွင် အဆိုပါ စနစ် မကျင့်သုံးဘဲ NLD ကို အဓိ ကကာကွယ်ရမည့် တိုင်းများတွင် ကျင့်သုံးမည့် အစီအစဉ်ဖြစ်လာ နိုင်မလား ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ် သည်ဟု နိုင်ငံရေးလေ့လာသူတစ် ဦးဖြစ်သည့် ဒေါက်တာ ရန်မျိုး သိမ်းက ပြောသည်။
‘‘ပီအာရ်စနစ်ကို ကျင့်သုံး လိုက်ရင် တိုင်းရင်းသားတွေကြား မှာတောင် သံသယတွေရှိလာနိုင် တယ်။ အခု တိုင်းရင်းသားပါတီ တွေက အခုရွေးကောက်ပွဲစနစ် ကြောင့် ပြည်သူလူထုက ကွဲနေ တဲ့ ပါတီတွေကိုပေါင်းဖို့ အားပေး တယ်။ ပီအာရ်ဆို ပေါင်းစရာမလု တော့ဘူး။ ကိုယ့်ပါတီကိုယ် ထောင် ထောက်ခံတဲ့အတိုင်းအ တာ တစ်ခုရှိရင် လွှတ်တော်ထဲကို ရောက်မယ်။ အဲဒါ တိုင်းရင်းသား တွေကြားမှာ စည်းလုံးရေးကို ထိ ခိုက်နိုင်တယ်’’ ဟု ‘ဝ’ဒီမိုကရက် တစ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ပြောသည်။
အဆိုပါစနစ်ကို လွှတ်တော် တွင်း ရောက်နေသည့် တိုင်းရင်း သားပါတီများ၊ ၉၀ ရွေးကောက်ပွဲ ဝင် ပါတီများဖြင့် ဖွဲ့စည်းထား သည့်  စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ စသည့် တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံက လက်မခံ နိုင်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကလည်း ကျင့်သုံးရန် အချိန်မတန်သေးဟု  ပြောကြား သည်။
မည်မျှကန့်ကွက်စေကာမူ အဓိက အင်အားကြီးပါတီ ဖြစ် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆုံးဖြတ် ချက်မဲများဖြင့်သာ အဆိုပါစနစ် ကို ကျင့်သုံးမည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် ပြဿနာမျိုးစုံ ဖြစ်လာနိုင်ပြီး ခန့်မှန်း၍ပင် မရနိုင်ဟု တိုင်းရင်းသားများနှင့် အတိုက် အခံပါတီဖြစ်သည့် NLD တို့က ပြောကြားသည်။
7Day Daily

No comments:

Post a Comment