အပစ်ရပ် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ လက်မှတ်ထိုးရန် အချက်များပါဝင်
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ်
တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် ဖက်ဒရယ် ပြည်ထောင်စု
တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဖက်ဒရယ်
တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ပါဝင်လက် မှတ် ရေးထိုးရန် အချက်များ ပါဝင်ကြောင်း သိရသည်။
''ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်ပြီး ခြုံပြောရရင် တပ်မတော်က
အရပ်ဘက်အုပ်ချုပ်မှု အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်လေးတွေ ပါလာမယ်။
နောက်ပြီးတော့ ချင်းမိုင်ညီလာခံမှာတုန်းက တင်ထားတာရှိတယ်။
ဥပမာပြည်ထောင်စုကို ကာကွယ်ရမယ့် တာဝန်ပဲယူရမယ်။ ကျန်တာမယူရဘူး။
နောက်ပြီးတော့ ဥပဒေ ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိတဲ့
ရဲတပ်ဖွဲ့နဲ့ တာဝန်ချင်း မတူတဲ့အတွက်၊ အလုပ်မတူတဲ့ အတွက် ရဲတပ်ဖွဲ့နဲ့
ခွဲခြားထားရမယ်'' ဟု (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး
ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက် ညဦးပိုင်းက ပြောကြားသည်။ ထို့အပြင်
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို
လက်မှတ်ရေးထိုးရာ၌ အစိုးရဘက်မှ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည် သူ့လွှတ်တော်
ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊
ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ ပါဝင်ရမည် ဟု ဖော်ပြထားကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကမူ ဥက္ကဋ္ဌ(သို့မဟုတ်)
ဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူးများ၊ စစ်ဦးစီးချုပ် (သို့မဟုတ်)
ဒုတိယ စစ်ဦးစီးချုပ်များ ပါဝင်မည်ဟု သိရသည်။ အခြားပါဝင် လက်မှတ်ရေးထိုး
သင့်သည်များ စာရင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံတ ကာ
ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ ပါဝင်သင့်ကြောင်း
ရေးသားထားသည်ဟု ဆိုသည်။ ''နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း သက်သေအဖြစ်
ပါဝင်လက်မှတ် ထိုးသင့်တယ်လို့ အဆိုပြု ထားတာလည်း ရှိပါတယ်'' ဟု
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင်လက်မှတ်
ရေးထိုးရမည့်သူများ လျာထားသတ်မှတ်ချက်မှာ UNFC က အောက်တိုဘာလအတွင်း သဘောတူ
ဆုံးဖြတ်ထားသော အပစ်ရပ်ရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏
ဘုံသဘောထားနှင့် များစွာကွဲလွဲမှု မရှိဘဲ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ
တိုင်းရင်းသားများ၏ ဘုံသဘော တူညီချက်တွင် ထိုအချက်ကို ဆက်လက်
အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
from EMG
No comments:
Post a Comment