တစ်လအတွင်း ဗြိတိန်၊ ဟောင်ကောင်နှင့် ပြင်သစ်နိုင်ငံ အပါအ၀င်
နိုင်ငံပေါင်း ကိုးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်
ထပ်မံမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ
စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်အထိ ရှိလာကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
တစ်လအတွင်းဟု ဆိုရာ၌ ၂၀၁၃ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၈၂ ဘီလျံကျော် ရှိခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၃၅ ဘီလျံသို့ မြင့်တက်ခဲ့ခြင်းဖြစ်ကာ လုပ်ငန်းအားဖြင့် လုပ်ငန်း ၁၆ ခု တိုးလာခဲ့ကြောင်း သိရသည်။
နိုင်ငံအသီးသီးမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ရာတွင် ဟောင်ကောင်၊ ဗြိတိန်နှင့် ကိုရီးယားနိုင်ငံတို့မှ စုစုပေါင်းမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉ သန်းကျော်ဖြင့် စုစုပေါင်း ပမာဏ၏ ထက်ဝက်ကျော်ကို မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ပြင်သစ်၊ ဂျပန်နှင့် လူဇင်ဘတ်နိုင်ငံတို့မှ အနည်းငယ်သာ ၀င်ရောက်မြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။
ကဏ္ဍအားဖြင့် ဆိုပါက ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း တစ်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက် မြှုပ်နှံမှု ပြုလုပ်မည့် လက်ခစား စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများကို ပြည်ပနိုင်ငံများသို့ လုပ်ကိုင်ခွင့် အများဆုံး ချထားပေးခဲ့ပြီး သတ္တုတွင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံခဲ့ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ၂၀၁၂ ခုနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတကာမှ ၀င်ရောက်မြှုပ်နှံမှုများ ရှိနေသည်။
တစ်လအတွင်းဟု ဆိုရာ၌ ၂၀၁၃ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၈၂ ဘီလျံကျော် ရှိခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၃၅ ဘီလျံသို့ မြင့်တက်ခဲ့ခြင်းဖြစ်ကာ လုပ်ငန်းအားဖြင့် လုပ်ငန်း ၁၆ ခု တိုးလာခဲ့ကြောင်း သိရသည်။
နိုင်ငံအသီးသီးမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ရာတွင် ဟောင်ကောင်၊ ဗြိတိန်နှင့် ကိုရီးယားနိုင်ငံတို့မှ စုစုပေါင်းမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉ သန်းကျော်ဖြင့် စုစုပေါင်း ပမာဏ၏ ထက်ဝက်ကျော်ကို မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ပြင်သစ်၊ ဂျပန်နှင့် လူဇင်ဘတ်နိုင်ငံတို့မှ အနည်းငယ်သာ ၀င်ရောက်မြှုပ်နှံခဲ့ကြခြင်
ကဏ္ဍအားဖြင့် ဆိုပါက ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း တစ်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက် မြှုပ်နှံမှု ပြုလုပ်မည့် လက်ခစား စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများကို ပြည်ပနိုင်ငံများသို့ လုပ်ကိုင်ခွင့် အများဆုံး ချထားပေးခဲ့ပြီး သတ္တုတွင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံခဲ့ကြောင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ၂၀၁၂ ခုနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတကာမှ ၀င်ရောက်မြှုပ်နှံမှုများ ရှိနေသည်။
from KDN
No comments:
Post a Comment