Sunday, November 10, 2013

ပထမကမ္ဘာစစ် ကျဆုံး စစ်သားတွေကို အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ


သြစတြေးလျနိုင်ငံမှာ ပထမ ကမ္ဘာစစ်ပွဲအတွင်း ကျဆုံးသွားတဲ့ သြစတြေးလျစစ်သားတွေကို အောက်မေ့ဖွယ် နေ့ထူးနေ့မြတ် အခမ်းအနားကို ဒီကနေ့ ကျင်းပနေကြပါတယ်။

ဒီနှစ်ဟာ ပထမကမ္ဘာစစ် အဆုံးသတ်တဲ့ ၉၅ နှစ်မြောက်နှစ်ဖြစ်ပြီး ကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ သြစတြေးလျစစ်သားတွေအပြင် အမည်မသိ ကျဆုံးသွားရတဲ့ သြစတြေးလျ စစ်သားတွေအတွက် စုပေါင်းပြီး အောက်မေ့ဖွယ် အခမ်းအနားနှစ်ခု ကျင်းပနေကြတာဖြစ်ပါတယ်။



အခမ်းအနားတစ်ခုကတော့ ပြင်သစ်နိုင်ငံ သင်္ချိုင်းမှာ အမည်မသိကျဆုံးသွားတဲ့ စစ်သားတွေရဲ့ အလောင်းကို ပြည်လည်တူးဖော်ပြီး တစ်နေရာထဲ ပြန်လည် မြုပ်နှံထားတဲ့ ၂၅ နှစ်ပြည့် အခမ်းအနား ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံ လက်အောက်ခံ သြစတြေးလျစစ်တပ်က ဗြိတိန်ဖက်နေပြီး တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း သြစတြေးလျ စစ်သား အယောက်ပေါင်း ၆၀၀၀၀ လောက် ကျဆုံးခဲ့ရပါတယ်။

from ABC Radio

No comments:

Post a Comment