Sunday, November 10, 2013

ဖိလိပိုင် မုန်တိုင်းကြောင့် အနည်းဆုံး လူ တစ်သောင်း သေဆုံး


ဖိလိပိုင်နိုင်ငံမှာ ၀င်ရောက် တိုက်ခတ်သွားတဲ့ ဟိုင်ယန် လေမုန်တိုင်းကြောင့် သေဆုံးသူဦးရေ အနည်းဆုံး တစ်သောင်းလောက် ရှိတယ်လို့ သိရပါတယ်။

ဗီဒီယို Zoe Daniel reports from typhoon-hit Philippines
သေဆုံးသူအများစုဟာ လေမုန်တိုင်း အပြင်းဆုံးဝင်ရောက် တိုက်ခတ်ခဲ့တဲ့နေရာတွေမှာဖြစ်ပါတယ်။ သေဆုံးသူဦးရေကို ဒေသခံရွာသူကြီးတွေဆီကနေ ရယူထားတာဖြစ်တယ်လို့ ဖိလိပိုင် အာဏာပိုင်တွေကို ပြောပါတယ်။ Leyte (lay-tee) ပြည်နယ်ကတော့ မုန်တိုင်း အပြင်းထန်ဆုံးခံရတဲ့ နေရာဖြစ်ပါတယ်။

ကုသလမဂ္ဂရဲ့ ကြိုတင်ပြင်ဆင်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးဌာနရဲ့အဆိုအရ အခုဆိုရင် အာဏာပိုင်တွေက အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုက်ပြီး လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။

ပရဟိတ လုပ်ငန်း ကူညီရေးအဖွဲ့ Save the Children အဖွဲ့က ပြောခွင့်ရအမျိုးသမီးတဦးရဲ့ အဆိုရ မုန်တိုင်း တိုက်ခတ်ခံရတဲ့နေရာမှာရှိတဲ့ သူတွေဟာ အခြေအနေဆိုးဝါးနေသလို အကူအညီတွေလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။ အထူးဖြင့် (lay-tee) ပြည်နယ် မြို့တော် Tacloban က လူတွေရဲ့ အခြေအနေက ပိုမိုဆိုးဝါးနေတယ်လို့လည်း ပြောပါတယ်။



ဆေးရုံမှာဆိုရင်လည်း လူနာတင်ခွင့်မပြုတော့သလို ဆေးဝါးပစ္စည်းတွေမရှိတော့ဘူးလို့လည်း ဆေးရုံရှေ့မှာ စာတမ်းကပ်ထားတယ်ပါတယ်။ အစားအစာမရှိတဲ့အတွက် မြို့တွင်းမှာလည်း လုယက်ခိုးယူမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

World Vision အဖွဲ့အပါဝင် တခြား လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေကလည်း ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးလေ့လာနေသလို မုန်တိုင်းကယ်ဆယ်ရေးစခန်းမှာရှိတဲ့ လူပေါင်း တစ်သန်းကျော်ကိုလည်း ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေပြုလုပ်ပေးနေရပါတယ်။

ဖိလိပိုင်နိုင်ငံမှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန်လေမုန်တိုင်းကြီးဟာ ဗီယက်နမ်နိုင်ငံကို ဒီနေ့ဝင်ရောက်မှာဖြစ်တဲ့အတွက် မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ လူတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေရာရွေ့ထားကြပြီးလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ လူပေါင်း ခြောက်သိန်းလောက် ရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။

from ABC Radio

No comments:

Post a Comment