Saturday, November 16, 2013

အစ္စလာမ် ခေါင်းဆောင်တွေနဲ့ အိုအိုင်စီ တွေ့မယ်

အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ အိုအိုင်စီ က ကိုယ်စားလှယ်တွေ ဟာ မြန်မာ နိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ နဲ့ ရန်ကုန်မြို့မှာ စနေနေ့ည တွေ့ဆုံဖို့ ရှိပါတယ်။
ဒီလိုတွေ့တဲ့ အခါ ရခိုင်နဲ့ မိတ္ထီလာ ဒေသတွေက ဒုက္ခသည်တွေ လုံလောက်တဲ့ အခြေ အနေမျိုး ပြန် ရောက်ရှိဖို့နဲ့ ပြဿနာတွေ ပြေလည်ဖို့ အိုအိုင်စီ အနေနဲ့ ဘာတွေ လုပ် ပေးနိုင်မလဲ ဆိုတာ အကြံပြု ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အစ္စလာမ် သာသနာ ရေးရာ ကောင်စီဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဍရွှေက ဘီဘီစီကို ပြောပါတယ်။အခုလို အိုအိုင်စီ ကိုယ်စားလှယ်တွေ မြန်မာပြည်ကို လာတာနဲ့ ပတ်သက်ပြီး မလာခင် ရက်ကတည်းက စလို့ ရန်ကုန်၊ မိတ္ထိလာ၊ ပဲခူး၊ စစ်တွေ စတဲ့ မြို့ကြီး တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။
ဆန္ဒပြပွဲတွေကို ဦးဆောင် ဆရာတော်တွေ တပါး ဖြစ်တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကတော့ ဆန္ဒပြရ တာဟာ အိုအိုင်စီ ရုံး မဖွင့်ရေး အချက် အပါ အဝင် အချက် ၆ ချက် ရှိတယ်လို့ ပြောပါတယ်။

အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ် နောက်ဆုံးနေ့ မှာလည်း မန္တလေးမြို့မှာ သံဃာနဲ့ ပြည်သူ ၁၀၀ကျော်ဟာ ဆန္ဒပြခဲ့ ကြပါ သေးတယ်။

from BBC

No comments:

Post a Comment