ရန်ကုန် နည်းပညာတက္ကသိုလ်မှ ၁၁နှစ်
ကြာပိတ်ထားသည့် ညနေပိုင်းအင် ဂျင်နီယာနည်းပညာသင်တန်း များကို
ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါညနေပိုင်း
အင်ဂျင် နီယာနည်းပညာ သင်တန်း များကို ၂၀၀၁ခုနှစ်အထိသာ ဖွင့်လှစ်နိုင်
ခဲ့ပြီး ရပ်နားထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းယင်းတက္ကသိုလ်မှပါ မောက္ခချုပ် ဒေါက်တာအေးမြင့် က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။ဒေါက်တာအေးမြင့်က ''ည နေပိုင်း အင်ဂျင်နီယာသင်တန်းတွေကို
အမြန်ဆုံးဖွင့်နိုင်အောင် စီစဉ်နေ ပါတယ်။
နောက်သုံးလလောက် နေ ရင်တော့ အကောင်အထည် ပေါ်တော့မှာပါ။ ကျောင်းမှာ ဌာန ၁၂ခုရှိတဲ့ အတွက် ဌာနတစ်ခုကို ဘာသာရပ် နှစ်ခု၊ သုံးခုနှုန်းနဲ့ ဘာသာရပ် ၂၅၊ ၃ဝလောက် သင် ကြားသွားမှာပါ''ဟု ပြောသည်။ ဒေါက်တာအေးမြင့်က ''၁၀ တန်းအောင်တွေအတွက် ဒီပလို မာသင်တန်းနဲ့ ဘွဲ့ရတွေအတွက် တော့ ဘွဲ့လွန်သင်တန်းတွေအ ဖြစ် ဖွင့်သွားမှာပါ။ အသေးစိတ် အချက် အလက်တွေ ကိုတော့ ဆွေး နွေးနေဆဲပါ''ဟု ပြောသည်။
အဆိုပါ သင်တန်းများဖွင့် ခဲ့ပါက လုပ်ငန်းခွင်ဝင်ရောက်နေ ပြီးအင်ဂျင်နီယာ များနှင့် အင်ဂျင် နီယာဘာသာရပ်ကို စိတ်ပါဝင် စားသူများအတွက် အထောက် အကူပြုစေ မည့်အပြင် မြန်မာနိုင်ငံ ၏ အင်ဂျင်နီယာ ပညာရပ်ဖွံ့ဖြိုး ရေးအတွက် အထောက် အကူပြု စေမည်ဖြစ်သည်။
from -ygm media group

No comments:
Post a Comment