မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီတာခ ရုတ်တရက်တိုးမြင့်ကောက်ခံတဲ့ 
ကိစ္စနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး
ကိစ္စတွေ အပြင် နိုင်ငံရေးအကျဉ်းသား ကိစ္စတွေကို အစိုးရတာဝန်ရှိသူတွေက
ရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါ တယ်။
ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့ ရန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင် မင်း၊
လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံရေး
အကျဉ်းသား စီစစ်ရေးကော်မတီဥက္ကဌ ဦးစိုးသိမ်း၊ နိုင်ငံရေးပါတီ ၂၅ပါတီနဲ့
နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ အပါအ၀င် လူမှုရေးအဖွဲ့အစည်းတွေက
ကိုယ်စားလှယ်တွေပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေကို နိုဝင်ဘာလကစပြီး တိုးမြင့်ကောက်ခံသွားမယ်လို့ 
ကြေညာခဲ့တဲ့ အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လမ်းပေါ်ထွက်
ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်ဝန် ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီတာခတွေတိုးမြင့်တာနဲ့ပတ်သ က်လို့
တောင်းပန်တဲ့အကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို
ဝေဖန်အကြံပြုပေးကြဖို့ ပြောကြားခဲ့တဲ့အကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့
ဦးညိုအုန်းမြင့်က အခုလိုပြောပါတယ်။
“အဓိကကတော့ ဆွေးနွေးပွဲက ကျနော်တို့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေကို ပြည်ထောင်စုဝန်ကြီးတွေက တင်ပြရှင်းလင်းတာဖြစ်ပါတယ်၊ ပြည် ထောင်စုဝန်ကြီးဦးခင်မောင်စိုးကလည်း လျှပ်စစ်ကို သူတို့ဘာလို့ဈေးတင်ရတဲ့အြေ ကာင်း
အဲဒါကိုရှင်းပြတာဖြစ် ပါတယ်၊ တိုင်းပြည်ကနေပြီးတော့ လျှပ်စစ်ကို တယူနစ်ကို
၃၅ကျပ်နဲ့ သူတို့ပေးပါတယ်၊ ငွေကြေးမတတ်နိုင် သူတွေက သုံးစွဲတဲ့ပမာဏပေါ့၊
အဲဒါကိုတွက်ချက်ပြီးတော့မှလုပ်ပါတယ်၊ ဒါတွေအားလုံးကလည်း ပြည်သူတွေကို ချပြရမယ်ဆိုတဲ့ဟာ အဓိကကျတယ်ဆိုတဲ့အချက်ကိုလည်း ဒီနေ့သူပြောသွားတာဖြစ်ပါတယ် ။”
အစိုးရနဲ့တိုင်းရင်းသား အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်မင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စတွေဟာ စိုးရိမ်စရာ မလိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွတ်ပေးမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီဇင် ဘာ ၃၁ရက် မကုန်ခင် စာရင်ပြုစုပြီး ပေးပို့ကြဖို့လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား
စီစစ်ရး ကော်မတီဥက္ကဌ ၀န်ကြီးဦးစိုးသိမ်းက ပြောကြားခဲ့တယ်လို့
ဦးညိုအုန်းမြင့်က ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက
သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
from ABC Radio
ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့ ရန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်
လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေကို နိုဝင်ဘာလကစပြီး တိုးမြင့်ကောက်ခံသွားမယ်လို
“အဓိကကတော့ ဆွေးနွေးပွဲက ကျနော်တို့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေကို ပြည်ထောင်စုဝန်ကြီးတွေက တင်ပြရှင်းလင်းတာဖြစ်ပါတယ်၊
အစိုးရနဲ့တိုင်းရင်းသား အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်မင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စတွေဟာ စိုးရိမ်စရာ မလိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွတ်ပေးမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီဇင် ဘာ ၃၁ရက် မကုန်ခင် စာရင်ပြုစုပြီး ပေးပို့ကြဖို့လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား
from ABC Radio
No comments:
Post a Comment