ရန်ကုန်မြို့၌ ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို လုံခြုံရေး စနစ်တကျ ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း မှာကြား
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး
ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ရန်ကုန်မြို့၌ ကျင်းပမည့်
ဆီးဂိမ်းစ်ပြိုင်ပွဲကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ
ဆောင်ရွန်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း
မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
ဒုတိယသမ္မတ
ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက်၊ နံနက်ပိုင်းတွင် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ လက်ခံကျင်းပမည့် ရန်ကုန်မြို့ရှိ
အားကစားကွင်းများ ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု
စစ်ဆေးခဲ့ရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့်
ရန်ကုန်မြို့ရှိ အားကစားကွင်းရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု
အခြေအနေများအား လှည့်လည်ကြည့်ရှုရာတွင် တာဝန်ရှိသူများအား လုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်ရေး၊ အားကစားသမားများ တည်းခိုနေထိုင်မှု
အဆင်ပြေစေရေး၊ ပရိသတ်များ အေးချမ်းပျော်ရွှင်စွာဖြင့် နိုင်ငံကြီးသား ပီသစွာ
အားပေးနိုင်ရေးအတွက် လူထုပညာပေး အစီအစဉ်များကို သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြိုင်ပွဲမှာ မြန်မာ့အားကစား
အဖွဲ့များ အောင်နိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်
အားထုတ်ရေးတို့နှင့် ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။
from EMG
No comments:
Post a Comment