တိုင်းမ်မဂ္ဂဇင်းမှ ဆယ်စုနှစ်အတွင်း ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသူ စာရင်း
တိုင်းမ်မဂ္ဂဇင်းမှ ဆယ်စုနှစ်အတွင်း
ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသူ စာရင်းကို မဲများတောင်းခံရွေးချယ်လျှက်ရှိရာ လွန်ခဲ့သော၁၀နှစ်
အတွင်းကမ္ဘာကြီးက စံထားရသောစံပြပုဂ္ဂိုလ်အဖြစ်ရွေးချယ်လျှက်ရှိရာတွင် ဒေါ်အောင်ဆန်းစုကြည်က
အမေရိကန်သမ္မတကတော် မီရှဲအိုဘားမားကို ကျော်လွန်ကာ မဲအပြတ်အသတ်နှင့်ဦးဆောင်နေသည်။
ယနေ့(ဧပြီ ၁၁) ညနေ ၄နာရီကျော်အထိ မဲပေးရွေးချယ်ထားမှုများအရ ဒေါ်အောင်ဆန်းစုကြည်မှာ ထောက်ခံမဲ
၉၅ ရာခိုင်နှုန်း ရရှိထားပြီး မီရှဲအိုဘားမားက ၅ရာခိုင်နှုန်းရရှိထားသည်။
တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံးလူသား ၁၀၀ကို
နှစ်စဉ်ရွေးချယ်လေ့ရှိပြီး ယခုအခါ ၁၀နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် လွန်ခဲ့သော
၁၀နှစ်အတွင်း ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ခဲ့သော လူများထဲမှ နိုင်ငံရေး၊ စံပြပုဂ္ဂိုလ်၊
နည်းပညာ ပညာရှင်နှင့် အနုပညာရှင် ဟူ၍ အမျိုးအစားခွဲ စစ်တမ်းကောက်ယူလျှက်ရှိရာ နိုင်ငံရေး
တွင် အမေရိကန်သမ္မတ အိုဘားမားက ဦးဆောင်နေပြီး နည်းပညာ တွင် အမေရိကန် ပညာရှင် Larry
Page နှင့် အနုပညာရှင် တွင် လေဒီဂါးဂါးတို့က အသီးသီးဦးဆောင်လျှက်ရှိသည်။ လာမည့် ဧပြီ
၁၇ရက်နေ့တွင် ရွေးချယ်ခံရသူများကို ကြေညာသွားမည်ဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက ပြောကြားထားသည်။
မဲပေးရွေးချယ်လိုလျှင် အောက်ပါလင့်ခ်တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။
from 7Day News Journal
No comments:
Post a Comment