Thursday, April 11, 2013

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် ချီပါရပ်ကွက် အရှေ့ဘက်ခြမ်းမှာ မနက် ၁နာရီကျော်က မီးလောင်ကျွမ်း

 
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် ချီပါရပ်ကွက် အရှေ့ဘက်ခြမ်းမှာ မနက် ၁နာရီကျော်က မီးလောင်ကျွမ်းခဲ့ပါတယ်။
ပန်းပုလုပ်တဲ့အိမ်တစ်အိမ်က စတင်လောင်ကျွှမ်းခဲ့တယ်လို့ဆိုပါတယ်။မနက် ၃နာရီကျော်မှာ မီးကို ထိန်းသိမ်းနိင်ခဲ့ပါတယ်။မနက်၎နာရီကျော်မှာတော့ မီးကိုငြိမ်းသတ်နိင်ခဲ့ကြပါတယ်။



မန္တလေးမြို့မှ မီးသတ်ကားများတင်မဟုတ်ပဲ စစ်ကိုင်းမြို့မှ မီးသတ်ကား ၂စီးပါ လာရောက် ငြိမ်းသတ်ပေးရတယ်လို့ သိရပါတယ်။အိမ်ခြေပေါင်း ၁၅၀ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

မီးလောင်ရခြင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါ တယ်။တမ္မဝတီရပ်ကွက်မှာ အခုလိုမီးလောင်မှုကြီးကြီးမားမား အရင်က မဖြစ်ခဲ့ဘူးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြ ပါတယ်။

ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုများတော့ လတ်တလော မသိရသေးကြောင်းလည်း ရပ်ကွက်နေပြည်သူများ ကပြောကြပါတယ်။

အလားတူ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားမှာ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုတွင် နေအိမ် ကိုးအိမ်ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

(သတင်းဓါတ်ပုံ - စူပါ၊ အိမ်ခိုင်မြဲ)
from   DVB News

No comments:

Post a Comment