Wednesday, April 24, 2013

ဘောလီးဝုဒ်ရုပ်ရှင်များတွင် အကြင်နာပေးသည့် အခန်းများ ဆင်ဆာ ကင်းလွတ်ခွင့်ရတော့မည်


ဘောလီးဝုဒ် ရုပ်ရှင်လောက နှစ် တစ်ရာပြည့်အဖြစ် ကျင်းပမည့် ‘Cut-Uncut” ရုပ်ရှင်ပွဲတော်၌ ယခင်က ဆင် ဆာကင်းလွတ်ခွင့် မရသည့် အကြင်နာ ပေးသည့် ဇာတ်ဝင်ခန်းများအပါအဝင် ပွင့်လင်းမှုရှိသည့် အခြား
ဇာတ်ဝင်ခန်းများကိုပါ ပထမဦးဆုံးအကြိမ် ကြည့်ရှု ခွင့်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။



ချစ်ရည်လူးသည့် ဇာတ်ဝင်ခန်း၊ ဝစ်လစ်စလစ် ဇာတ်ဝင်ခန်းနှင့် အစိုးရ ဆန့်ကျင်ရေး ဇာတ်ဝင်ခန်းများသည် ၁၉၅၂ ခုနှစ်က ပထမဆုံးအကြိမ် မူကြမ်းရေးဆွဲခဲ့သည့် အိန္ဒိယနိုင်ငံ၏ တင်းကျပ်သည့် ဥပဒေအရ ဆင်ဆာ ဖြတ်ခဲ့ရကြောင်းသိရသည်။ ၁၉၈၃ခုနှစ် တွင် ယင်းဥပဒေ
များအား ပြင်ဆင်ချက် ထုတ်ခဲ့သည်။”Cut-Uncut” ရုပ်ရှင်ပွဲတော်ကို
ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား
များအား လွတ်လပ်စွာကြည့်ရှုစေလိုခြင်း ဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။”ဥပဒေအဟောင်းတွေ ပြဋ္ဌာန်း ထားတာကို ရပ်ဆိုင်းပြီး အနုပညာရှင် တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိ အမှတ်ပြုတာပါ။ အရင်ကဆို အကြင်နာပေးတဲ့ အခန်းတွေ၊ ညှို့အားပြင်း သရုပ်ဆောင်ချက်တွေနဲ့ အစိုးရဆန့်ကျင်ရေး ဇာတ်ဝင်ခန်းတွေဆို အကုန် လုံး ဆင်ဆာဖြတ်တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆင်ဆာဥပဒေ
ဟောင်းကို ပြောင်းလဲပစ်ချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်ကာ ၁၉၃၃ ခုနှစ်က ဂန္ထဝင်ရုပ်ရှင်ဇာတ်ကား ‘Karma’ ဇာတ်ကားဖြင့် ပွဲတော်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း ဇာတ်ကားသည် အကြင်နာပေးသည့် ပထမဆုံး ဘောလီးဝုဒ် ရုပ်ရှင်ဇာတ် ကားဖြစ်ပြီး Himanshu Rai နှင့် Devika Rani တို့ သရုပ်ဆောင်ထား သည်။ သို့ရာတွင် ယင်းဇာတ်ဝင်ခန်းသည် ဆင်ဆာကင်းလွတ်ခွင့် မရပေ။ယနေ့ခေတ် ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကား
များတွင် မင်းသမီးများသည် ခေတ်ပေါ်အဝတ်အစားများ ဝတ်ဆင်ခွင့်ရသော်
လည်း အကြင်နာပေးသည့်အခန်းများကို ၁၈ နှစ်နှင့် အထက်များကိုသာ ကြည့်ရှုခွင့်ြ့ပုသည်။ ”ကြိုးစားပြီး ရိုက်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဆင်ဆာ
ဖြတ်ပစ်တာမျိုး မလုပ်သင့်ပါဘူး။

အစိုးရက အခုလို ဆင်ဆာဖြတ်နေတာမျိုးကို ရပ်သင့်ပါ ပြီ” ဟု ဒါရိုက်တာ
တစ်ဦးက ပြောကြားသည်။

from-popular myanmar

No comments:

Post a Comment